News

Google သိပ္ပံဆု လူငယ်လေးဦးရရှိ

နာမည်ကျော် အင်တာနက် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Googleက ပေးအပ်သည့် သိပ္ပံဆုရရှိသူများစာရင်းကို စက်တင်ဘာ ၂၃ရက်တွင် ထုတ်ပြန်ခဲ့ရာ ကျန်းမာရေး စွမ်းအင်နှင့် ဆော့ဖ်၀ဲနယ်ပယ်လေးရပ်မှ တီထွင်သူ လူငယ်လေးဦး ဆုရရှိခဲ့ကြောင်း သိရသည်။ တတိယအကြိမ်မြောက် သိပ္ပံဆုပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၂၀က အသက် ၁၃နှစ်မှ ၁၈နှစ်အထိ လူငယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြရာ ယခုနှစ်နွေရာသီတွင် Googleက နောက်ဆုံးဆန်ခါတင် ၁၅ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၁၇-၁၈နှစ်အုပ်စုတွင် အီရစ်ချန်းက အအေးမိဗိုင်းရပ်စ် မပြန့်ပွားစေရန် ထိန်းချူပ်ပစ္စည်းဖြင့် လည်းကောင်း၊ ၁၅-၁၆နှစ် အုပ်စုတွင် အန်းမာကိုစင်စကီက လက်နှင့်ကိုင်ထားရုံဖြင့် အားပြန်ဖြည့်နိုင်သည့် ဓာတ်မီးဖြင့်လည်းကောင်း၊ ၁၃-၁၄နှစ်တန်းတွင် ဗီးနေးကူးမားက PART ဟုခေါ်သည့် Android ဆော့ဖ်၀ဲဖြင့်လည်းကောင်း၊ ငှက်ပျောသီးအခွ့ံမှ ဘိုင်အိုပလတ်စတင် ထုတ်နိုင်ရန် တီထွင်ခဲ့သည့် အသက် ၁၆နှစ်အရွယ် အီလစ်ဖ်ဘီလ်ဂင်းကလည်းကောင်း ဆုများ ရရှိခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *