Lifestyle

Google ၀န်ထမ်းများရဲ့ အထူးခံစားခွင့်များ

Google ၀န်ထမ်းများရဲ့ အထူးခံစားခွင့်များ

သင့် အလုပ်မှာ ငွေအကြွေစေ့များထည့်ပြီး ဖျော်ရည်၀ယ်နိုင်တဲ့ စက်ပစ္စည်းရှိလို့ အရမ်းကောင်းတဲ့ အလုပ်လို့ ထင်မနေပါနဲ့။ အိမ်ငှားခ၊ အစားအသောက်နဲ့ ရေပူရေအေးတွေ သက်သာစေမယ့် အထူးအခွင့်အရေးတွေ ပေးထားတဲ့ Companyတွေရှိနေပါတယ်။

ဒါဟာ Google၀န်ထမ်းတွေကိုယ်တိုင်က ပြောကြားတာဖြစ်ပြီး Googleရဲ့ ရုံး၀န်းအတွင်းမှာ နေထိုင်ပြီး အခွင့်အရေးများကို အသုံးချခြင်းဖြင့် ငွေကြေးများ ချွေတာ စုဆောင်းနိုင်ပါတယ်လို့ ဆိုပါတယ်။

အမေး အဖြေ ၀က်ဆိုက် Quoraရဲ့ Threadတစ်ခုမှာ ဘယ် Google ၀န်ထမ်းဟာ ရုံးချုပ်မှာ နေထိုင်ပြီး ငွေကြေးအများဆုံး စုဆောင်းနိုင်လဲဆိုတာကို မေးထားပါတယ်။ အဖြေတွေကိုတော့ လက်ရှိနဲ့ ယခင် Google၀န်ထမ်းများက ဖြေကြားပေးခဲ့ပြီး ဒေါ်လာ ထောင်ပေါင်းများစွာ သက်သာစေခဲ့တဲ့ နည်းလမ်းများကို ပြောပြခဲ့ကြပါတယ်။

၀န်ထမ်းတစ်ယောက် ပြောပြချက်အရဆိုရင် “Crittendenအနီးက ကားပါကင်မှာ ရပ်နားထားတဲ့ ကားကြီးတစ်စီးကို ပိုင်ဆိုင်သူတစ်ယောက်ရှိပါတယ်။ သူဟာ အဲဒီကားထဲမှာ နှစ်နှစ် သုံးနှစ်လောက်နေထိုင်ပါတယ်။ အားကစားလေ့ကျင့်ခန်းမှာ ရေချိုးပြီး Googleရဲ့ ခြံ၀န်းထဲမှာ အ၀တ်လျှော်ပါတယ်။ Googleက ကျွေးမွေးထားတာတွေကို စားသောက်ပါတယ်။ နှစ်နှစ် သုံးနှစ် အပြီးမှာ သူဟာ အိမ်တစ်လုံး၀ယ်နိုင်လောက်တဲ့ ပိုက်ဆံစုမိသွားပါတယ်။ အလွန်ကောင်းတဲ့ နည်းလမ်းပါပဲ။”

1

အိပ်စင်များနဲ့ ခေါင်းအုံးများကို ရုံးခန်းတွေထဲမှာ ပေးထားပေမယ့် ၀န်ထမ်းများကို Googleက ရုံးမှာ အိပ်ခွင့် မပေးထားပါဘူး။ ၀န်ထမ်းတွေက မြေပြင်မှ ကားထဲမှာ စိတ်ပူစရာ မလိုဘဲ အိပ်စက်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့ကြပါတယ်။

2

ယခင် Googleမှ Visual Designerဖြစ်သူ Brandon Oxendineက အိမ်ငှားခများ သက်သာစေတဲ့ နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။ “ကျွန်တော် အဆောက်အဦး နံပါတ် ၁၉၀၀ အောက်မှ ကားပါကင်ထဲမှာ Volvo Station Wagonကို ထားထားပြီး သုံးလကြာအိပ်ခဲ့ပါတယ်။ Ikeaမှ မွေ့ယာတစ်စုံကို ဆင်ထားပြီး လိုက်ကာ အနက်ရောင်တွေ ကာရံလိုက်ပါတယ်။ သူငယ်ချင်းနဲ့ အခန်းမငှားခင်မှာ သုံးလလောက် ကားထဲမှာ ညတိုင်းအိပ်ခဲ့ပါတယ်။”

3

Google Programmerတစ်ယောက်ဖြစ်တဲ့ Ben Discoeက သူ့ဇနီးနဲ့ ကွာရှင်းခဲ့တဲ့အတွက် လျော်ကြေးများ ပေးဆောင်လိုက်ရပြီး ဆန်ဖရန်စစ္စကို South Bayမှ ကြီးမြင့်တဲ့ အိမ်ငှားခကို မတတ်နိုင်ခဲ့တဲ့အတွက် Googleရုံးခန်းမှာ တစ်နှစ်ကျော်ကြာ နေထိုင်ခဲ့ပါတယ်။ သူက 1990 GMC Vandura Custom Conversion Vanကို ဒေါ်လာ ၁၈၀၀နဲ့ ၀ယ်ယူခဲ့ပြီး အဲဒီကားကို ရုံး၀န်းအတွင်းမှာ ရပ်နားပြီး ၁၃လကြာ နေထိုင်ခဲ့ပါတယ်။

လုံခြုံရေး၀န်ထမ်းများက မြင်တွေ့တဲ့ အကြောင်းကို Benက ရှင်းပြပါတယ်။ “ဒီလိုနေထိုင်တာဟာ တရားဥပဒေနဲ့ မညီတဲ့ ကုဒ်တွေကို ရေးသားသလိုပါပဲ။ ဒါမှမဟုတ် မြို့တော်ရဲ့ ဥပဒေကို ချိုးဖောက်တာပါ။ Googleရဲ့ လုံခြုံရေး ၀န်ထမ်းတွေက အစောပိုင်း စစ်ဆေးတတ်ပြီး ဗင်ကားထဲမှာ နေထိုင်နေသူဟာ Google၀န်ထမ်းတစ်ယောက်ဆိုတာ သိသွားပြီး အန္တရာယ်ရှိသူမဟုတ်ဘူးဆိုရင် နောက်ထပ် လာမကြည့်တော့ပါဘူး။”

Googleမှာ အလုပ်လုပ်ရတာ ထူးခြားတဲ့ အတွေ့အကြုံတွေ ရရှိစေမှာပါ။ ဒီအကြောင်းတွေကို Owen Wilsonနဲ့ Vince Vaughnတို့က Internshipရုပ်ရှင်ကားမှာ ပြောပြဖို့ မေ့နေခဲ့ပါတယ်။

4

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *