News

MRTVမှ DVB – T2 Digital စနစ်ဖြင့် ရုပ်သံလှိုင်း ငါးခု စလွှင့်လျက်ရှိ

မြန်မာ့ ရုပ်မြင်သံကြား အစီအစဉ်များကို Analogue စနစ်မှ Digital စနစ်သို့ ပြောင်းလဲထုတ်လွှင့်ရာတွင် ပထမအဆင့် အနေဖြင့် DVB – T2 စနစ်ဖြင့် ရုပ်သံလှိုင်း ငါးခုကို စမ်းသပ် ထုတ်လွှငိ့လျှက်ရှိကြောင်း သိရသည်။ အဆိုပါ ရုပ်သံလှိုင်း ငါးခုမှာ MRTV, MITV, တိုင်းရင်းသားရုပ်သံလှိုင်း သုံးခု စုစုပေါင်း ရုပ်သံလှိုင်း ရှစ်လှိုင်းအထိ တိုးချဲ့ ထုတ်လွှင့်သွားမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှ စပြီး  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့သုံးမြို့တွင် ပထမအဆင့် အနေဖြင့် စမ်းသပ် ထုတ်လွှင့်လျှက်ရှိပြီး အောက်တိုဘာ ၁၅ ရက်တွင် ပုံမှန်ထုတ်လွှင့် သွားမည်ဟု သိရသည်။ ဒုတိယအဆင့်တွင် မြစ်ကြီးနား၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ စစ်တွေ၊ မင်းဘူး၊ ကလေး၊ ဖလမ်း၊ ပုပ္ပါား၊ မိတ္ထီလာ၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ ပြည်၊ လွိုင်ကော်၊ မော်လမြိုင်၊ ဘားအံ၊ ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ၊ ထားဝယ် စသောမြို့များတွင် တိုးချဲ့ ထုတ်လွှင့်သွားမည်ဟု ဆိုသည်။

Digital စနစ်ဖြင့် ရုပ်သံထုတ်လွှင့်မှုသည် Analogue စနစ်ထက် ပိုပြီး ရုပ်သံကြည်လင်ပြတ်သားမှု ရှိသည်။ Analogue စနစ်တွင် Signal Strength ဖမ်းယူ အားကောင်းသော နေရာတွင် ပုံရိပ်များ ကြည်လင်ပြတ်သားပြီး နည်းသော နေရာများတွင် ပုံရိပ်များ မှုန်ဝါးနေတတ်သည်။ Digital စနစ်မှာ မှုန်ဝါးခြင်းမရှိဘဲ ကြည်လင်ပြတ်သားကာ အလွန်ဝေးကွာသော Signal Lock မဖြစ်သည့် နေရာများတွင်သာ လုံးဝဖမ်းယူ မရခြင်းများ ဖြစ်တတ်ပါသည်။ Analogue စနစ်သုံး လွှင့််စက်တစ်လုံးသည် Program ရုပ်သံလိုင်းတစ်ခုသာ လွှင့်နိုင်ပြီး Digital စနစ်တွင် ရုပ်သံလိုင်း ၈ခု၊ ၁၀ခု၊ ၁၂ ခု ထုတ်လွှင့်နိုင်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *