Featured, News, Review

Googleက Google for Workအမည်ဖြင့် စီးပွားရေးလုပ်ငန်းသုံး ဆော့ဝဲကို ပြန်လည် အသက်သွင်း

Googleက Google for Workအမည်ဖြင့် စီးပွားရေးလုပ်ငန်းသုံး ဆော့ဝဲကို ပြန်လည် အသက်သွင်း

Googleဟာ စားသုံးသူများအတွက် သူ့ရဲ့ အွန်လိုင်း၀န်ဆောင်မှုတွေနဲ့ ဆော့ဝဲတွေကြောင့် လူသိများပါတယ်။ အဲဒါတွေက Google Search, Gmailနဲ့ စမတ်ဖုန်း၊ တက်ဘလက်များကို မောင်းနှင်နေတဲ့ Android Mobile Operating Systemတို့ ဖြစ်ပါတယ်။ ဒါပေမယ့် Googleဟာ ဆယ်စုနှစ်တစ်ခုကြာအောင် Google Docsလို အွန်လိုင်း Appများ ကနေ Google Compute Engineလို Cloud အခြေပြု ကွန်ပြူတာလုပ်ငန်းများအပါအ၀င် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများအတွက် ၀န်ဆောင်မှု၊ ဆော့ဝဲနဲ့ Hardwareများကိုတောင် ပြုလုပ်ပေးခဲ့ပါတယ်။ အခုတော့ Google for Workလို့ အမည်ပြောင်းလဲခဲ့ပါပြီ။

အဲဒီ၀န်ဆောင်မှုဟာ သာမာန်စားသုံးသူများအတွက် ထုတ်ကုန်များကို စီးပွားရေးလုပ်ငန်းသုံးနိုင်အောင် ပြုလုပ်ပေးတာပါ။ အရင်ကတော့ Google Enterpriseလို့ ခေါ်ပါတယ်။ အလုပ်ကိစ္စများအတွက် ရည်ရွယ်ပြီး အခုလို နာမည်ပြောင်းလိုက်တာဟာ ကမ္ဘာ့ ဆော့ဝဲနဲ့ ဟဒ်ဝဲလုပ်ငန်းကို ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်စေပါတယ်။ တတ်ကျွမ်းတဲ့ အိုင်တီလုပ်သားများထက် သာမာန်၀န်ထမ်းတွေ အသုံးပြုလို့ရတဲ့ ၀န်ဆောင်မှုများစွာဟာ စီးပွားရေးလုပ်ငန်းတွေထဲကို တိုး၀င်လာပါပြီ။ ဒါကို Consumerization of ITလို့ ခေါ်ပါတယ်။

“ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ အလုပ်ပုံစံတွေဟာ ပုံစံများစွာ ပြောင်းလဲလာပါတယ်။ မိုဘိုင်းဟာ အရေးပါလာပြီး စားသုံးသူတွေဟာ ရွေးချယ်မှုတွေ ပြုလုပ်လာပါတယ်။ ဒါဟာ အိုင်တီစီးပွားရေးလုပ်ငန်းများမှာသာ မဟုတ်ပါဘူး။”လို့ Google for Workမှ အကြီးအကဲဖြစ်သူ Amit Singhက ပြောပါတယ်။

နာမည်အသစ်ဟာ အချိန်အနည်းငယ်တော့ စောင့်ရပါအုံးမယ်။ Googleမှာတောင် ဒါကို လက်ခံဖို့ အချိန်လိုပါတယ်လို့ Google Appsများရဲ့ ဖခင်ဖြစ်သူနဲ့ အဲဒီဌာနမှာ ဆယ်နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ Rajen Shethက ပြောပါတယ်။ သူက ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ နာမည်အဟောင်းကို မှားယွင်းပြောမိပါသေးတယ်။ အဓိက ရည်ရွယ်ချက်က သာမာန်လူတွေတောင် Googleရဲ့ အဲဒီနယ်ပယ်မှ ကြိုးစားမှုကို နားလည်စေချင်တာပါ။

အဲဒီဌာနမှ ထုတ်ကုန်အားလုံးကို for Workလို့ အမည်တပ်မှာပါ။ ဒီနှစ်အစောပိုင်းမှာ Googleက စီးပွားရေးလုပ်ငန်းများအတွက် အွန်လိုင်းမှာ ဖိုင်သိမ်းတဲ့ ၀န်ဆောင်မှုဖြစ်တဲ့ Google Drive for Workကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Googleရဲ့ အခြား စီးပွားရေး၀န်ဆောင်မှုတွေကိုလည်း ဒီနာမည်တပ်လိုက်ပါပြီ။ ဥပမာအားဖြင့် Google Appsဟာ Google Apps for Workလို့ ပြောင်းမှာပါ။

Singhရဲ့ အဆိုအရ Fortune 500မှ ခြောက်ဆယ် ရာခိုင်နှုန်းဟာ Google for Workကို အခပေး အသုံးပြုနေပြီ။ အပတ်တိုင်းမှာ Google Drive for Workကို စာရင်းပေးသူ ၁၈၀၀ ရှိနေပါပြီဖြစ်ပါတယ်။ ဒါပေမယ့် Googleက သူ့ရဲ့ စီးပွားရေး လုပ်ငန်းများအတွက် ၀န်ဆောင်မှုများဟာ အောင်မြင်ဖို့ ပိုမိုကြီးမားတဲ့ အခွင့်အရေးကို ပံ့ပိုးပေးဖို့ လိုနေတယ်လို့ ယုံကြည်နေပါတယ်။ ဒီလိုနာမည်ပြောင်းလိုက်တာကလည်း အကြောင်းတစ်ချက်ပါ။ ကျွန်တော်တို့ဟာ အောင်မြင်ကြီးထွားဖို့ အလွန်အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီလို့ Singhက ပြောပါတယ်။

“နာမည်ပြောင်းလိုက်တာထက် စိတ်အခြေခံများကိုပါ ပြောင်းလဲလိုက်တာပါ။ အတိုပြောရရင် Googleဟာ စားသုံးသူဈေးကွက် အမြန်ဆုံး ဖြစ်လာတော့မယ်ဆိုတာ သိနေပါတယ်။ ကျွမ်းကျင်တဲ့ စားသုံးသူတွေကိုလည်း စွဲဆောင်နိုင်မယ်ဆိုတာ သိနေပါတယ်။ Enterpriseဆိုတဲ့ စကားလုံးဟာ သာမာန်အသုံးပြုသူတွေကို မရည်ရွယ်ဘဲ Workဆိုတဲ့ စကားလုံးက အားလုံးကို အကျိုးသက်ရောက်စေပါတယ်။” လို့ Shethက ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *