Apps, Featured, News, Review

Chromebooksများမှာ Remote Desktopကို အသုံးပြုနိုင်ပြီ

Chromebooksများမှာ Remote Desktopကို အသုံးပြုနိုင်ပြီ

Chromeရဲ့ Remote Desktop Toolဟာ Android, iOS, Desktop Browsersများကနေ သင့်ရဲ့ ဒတ်စတော့ကွန်ပြူတာကို ထိန်းချုပ်နိုင်ပါတယ်။ အခုတော့ Chrome OSမှာလည်း အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုနိုင်ပြီဆိုတာ Developerတစ်ဦး ဖြစ်တဲ့ Francois Beaufortက ရှာဖွေ တွေ့ရှိသွားပါတယ်။

Remote Desktopကို Chrome OSမှာ အသုံးပြုဖို့အတွက် Chrome OS Development Channelကို စမ်းသပ် အသုံးပြုသူအနေနဲ့ Sign Up လုပ်ထားရမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ Remote Desktop Appကို ဒေါင်းလုပ်ပြုလုပ်ပြီး ဖွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ Share Buttonကို နှိပ်ရမှာ ဖြစ်ပါတယ်။

Developer Channel စွမ်းဆောင်ချက် အများစုကို တည်ငြိမ်ပြီးသားဖြစ်တဲ့ အများပြည်သူအတွက် ဖြန့်ချီပေးထားတဲ့ ဗားရှင်းတွေမှာ တွေ့ရတတ်ပါတယ်။ အဲဒီအတွက် မကြာမီမှာပဲ Chrome OSအားလုံးမှာ Remote Desktopကို အသုံးပြုနိုင်ဖို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *