News, Review

Google Photos မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အကန့်အသတ်မရှိ သိုလှောင်နိုင်တဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပြီလို့ Google က ထုတ်ပြန်လိုက်ပါပြီ

Google Photos မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အကန့်အသတ်မရှိ သိုလှောင်နိုင်တဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပြီလို့ Google က ထုတ်ပြန်လိုက်ပါပြီ။ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက် ကစပြီး ဓာတ်ပုံနဲ့ ဗီဒီယိုအသစ်တွေ upload လုပ်ဖို့ 15GB ပဲရတော့မှာပါ။

Google One ဆိုတဲ့ လစဉ်ကြေးပေးရတဲ့ service ကို ဝယ်သုံးကြအောင် အခုလိုလုပ်လိုက်တာ ဖြစ်ပါတယ်။ Google One မှာတော့ storage 100GB နဲ့ အခြား လုပ်ဆောင်ချက်တွေ ပါဝင်ပြီး တစ်လ ၂ ဒေါ်လာပဲ ကျသင့်မှာပါ။

ဒါကြောင့် အချိန်မှီလေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဇွန်လမတိုင်မီ Google Photos မှာ သိမ်းထားကြဖို့ ICT.com.mm က သတိပေးလိုက်ပါတယ်နော်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *