News

Smart Phone များပေါ်တွင် ကာတွန်းများဖတ်ရှုနိုင်တော့မည်

Smart Phone နှင့် Tablet ဖြင့် အင်တာနက်အသုံးပြုသော ကလေးလူကြီးအားလုံးအတွက် ရည်ရွယ်ပြီး အပတ်စဉ်ထုတ် ပုတက်ဂျာနယ်မှ ယခုအခါ မိုဘိုင်းဖုန်းများတွင် ကာတွန်းများ ဖတ်ရူနိုင်ရန် Mobile Application တစ်ခုကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါသည်။ နာမည်ကြီး ကာတွန်းဆရာကြီးများ၏ မောင်မောင်ဇာ၊ လေးမွန် ထွေးမွန်၊ ရွေအိ ရွေဘုတ်၊ တွတ်ပီ၊ ဂျောက်ဂျက်၊ ပြာဂလောင် ပြာလချောင်၊ ဘဲဥ၊ ပလာတူး၊ ကိုအောင်တင့် (ရပ်ကွက်ထဲမှာဗျာ)၊ မောင်တီထွင်၊ စိန်မျောက်မျောက် စသည့် ဇတ်ကောင်များ နှင့် ကာတွန်းအပုဒ် ၁၀၀၀ ကျော်ကို ဖတ််ရူနိုင်မှာ ဖြစ်သည်။

နှစ်သက်ရာ ကာတွန်းများကို အင်တာနက်မှ တစ်ဆင့် Download ဆွဲထားနိုင်ပြီး အချိန်မရွေး ပြန်ဖတ် နိုင်သည်။ ကာတွန်းများသာမက ပုံပြင်၊ ကဗျာများနှင့် ဗဟုသုတရဖွယ် ထူးဆန်းထွေလာများနှင့် ကမ္ဘာကျော် ပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများကိုလည်း လေ့လာဖတ်ရူနိုင်မယ်လို့ ဆိုသည်။ အပတ်စဉ်ထုတ် ပုတက် ဂျာနယ်တွင်ပါသော ကာတွန်းအသစ်များကို နေ့စဉ် ထပ်တင်ပေးသွားမည်ဖြစ်ပြီး ဖတ်ရူခအနေနဲ့ တစ်လလျှင် ၄၉၅ ကျပ်ကို ဖုန်းဘီလ် ထဲမှ ဖြတ်သွားမည် ဖြစ်သည်။ ဖုန်းနံပါတ် တစ်ခုမှ Coad ငါးခုကို ဝယ်ယူနိုင်ပြီး ဖုန်းမဟုတ်သည့်  အခြား Device များတွင်လည်း  အသုံးပြုနိုင်မည်ဟု ဆိုသည်။ နိုင်ငံခြားမှ ဆွေမျိုးမိတ်ဆွေများ၊ သူငယ်ချင်းများအတွက်လည်း Coad များဝယ်ယူနိုင်သည်ဟု ဆိုပါသည်။

ကာတွန်းပိုးဇာ ရေးဆွဲသော မဟာဗုဒ္ဓဝင်တော်ကြီးကိုလည်း ဆေးရောင်စုံနဲ့ အခမဲ့ ဖတ်ရူနိုင်ပြီး မြင်နေကျ ပန်းချီ လက်ရာမျိုးမဟုတ်ပဲ ကလေးများအကြိုက် ကာတွန်းဆန်ဆန် ရေးဆွဲတင်ဆက်ထားသည်။ ထို့အတွက် လစဉ်ကြေးဖြင့် ဝယ်ယူရန် အဆိုပါ မဟာဗုဒ္ဓဝင်ကို ရေးဆွဲနေဆဲဖြစ်ပြီး ပြီးစီးသည့်အလျောက် အခမဲ့ ဖတ်ရှုနိုင်အောင် တင်လွှင့်ပေးသွားမည်ဟု သိရသည်။

Mobile Content အတွက် ဖုန်းမှ ငွေကောက်ခံခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ပြီး Putet Mobile App ကို မိမိတို့ဖုန်းထဲ ထည့်သွင်းလိုလျှင် Android ဖုန်းများအတွက် Google Play Store တွင် Download ဆွဲယူနိုင်သည်။ iOs Version အတွက်ကိုလည်း ထွက်ရှိမည်ဖြစ်ပြီး ဖုန်းဆိုင်များတွင်လည်း  ရရှိနိုင်မည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *