Featured, Review

Google Maps တွင် ရှာဖွေရခက်ခဲသောနေရာများကို မှတ်သားနိုင်သည့် Missing Placesပါရှိလာ

Google Maps တွင် ရှာဖွေရခက်ခဲသောနေရာများကို မှတ်သားနိုင်သည့် Missing Placesပါရှိလာ

Googleက Google Maps Mobile Appတွင် ရှာဖွေရခက်ခဲသော နေရာများကို မှတ်သားနိုင်သည့် Missing Places ကိုထည့်သွင်းပေးလိုက်ပါသည်။

အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုရန် မြေပုံရဲ့ တစ်နေရာကို တစ်ချက်ထိပါ။ ဒါဆိုရင် လိပ်စာအတိအကျကို ပြသပေးတဲ့ စကရင်ပေါ်လာပါလိမ့်မယ်။ Add a Missing Placeကို နှိပ်ပြီး နာမည်၊ ဖုန်းနံပါတ်၊ ၀က်ဆိုက်နဲ့ ကဏ္ဍများကို ထည့်သွင်းနိုင်ပါတယ်။

ကဏ္ဍတွေကတော့ အစုံပါပဲ။ Bars, Shops, Cinemas, Schools, Parks and Hospitals စတာတွေပါပါတယ်။ Sendကို မနှိပ်ခင်မှာ Googleက မှတ်သားထားတဲ့ မြေပုံမှာ အပြောင်းအလဲရှိရင် သင့်ရဲ့ အီးမေးကို စာပေးပို့ အကြောင်းကြားမှာပါလို့ သတိပေးထားပါတယ်။ Google Map Makerမှ သင့်ရဲ့ အကောင့်အောက်မှာလည်း အသိပေးမှာပါ။

Map Makerဟာ Google Mapsနဲ့ Google Earthတို့ရဲ့ ပြောင်းလဲမှုများကို အသုံးပြုသူများက ဖန်တီးအကြံပြုပေးနိုင်တဲ့ Googleရဲ့ ဘရောက်စာ အခြေပြု ပလက်ဖောင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူများစုပေါင်းပြီး မြေပုံကို Editလုပ်ကြတာပါ။

Googleက မိုဘိုင်းအတွက် Map Makerကို ပံ့ပိုးပေးထားခြင်း မရှိပေမယ့် လက်ရှိမှာ Android အတွက် တီထွင်နေပါတယ်။ Google Mapsမှာ နေရာများကို မှတ်သားနိုင်အောင် ပြုလုပ်ထားပေမယ့် စွမ်းဆောင်ချက် အသစ်က သင့်ပတ်၀န်းကျင်မှာ အသစ်ဖွင့်တဲ့ စားသောက်ဆိုင်အသစ်တွေကို လွယ်ကူစွာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *