Featured, Mobile, News, Review

Googleရဲ့ Project Ara စမ်းသပ်ရောင်းချမယ့် အစီအစဉ်ကို ဒီနှစ်နှောင်းပိုင်းမှာ ပွာတိုရီကိုနိုင်ငံတွင် စတင်မည်။

Googleရဲ့ Project Araစမ်းသပ်ရောင်းချမယ့် အစီအစဉ်ကို ဒီနှစ်နှောင်းပိုင်းမှာ ပွာတိုရီကိုနိုင်ငံတွင် စတင်မည်

Googleရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်တပ်လဲလှယ်နိုင်တဲ့ Project Ara Phone တွေကို ဘယ်နိုင်ငံက ပထမဆုံး စတင် အသုံးပြုနိုင်မလဲဆိုတာ သိရပါပြီ။ ပွာတိုရီကိုနိုင်ငံဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ စတင်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

Googleက Developer Conferenceမှာ ကြေညာလိုက်တာ ဖြစ်ပြီး မိုဘိုင်းအသုံးပြုမှုများပြားတဲ့အတွက် ပွာတိုရီကို ရွေးချယ်လိုက်တာလို့ ပြောပါတယ်။ အင်တာနက် အသုံးပြုသူ ၇၇ ရာခိုင်နှုန်းက မိုဘိုင်းဖုန်းကို အသုံးပြုကြပြီး အဲဒီနိုင်ငံမှာ အမေရိကန်နဲ့ လက်တင်အမေရိက ကယ်ရီယာတွေ ရှိပါတယ်။

နောက်ပြီး ပွာတိုရီကိုမှာ စွမ်းဆောင်ရည်နိမ့်ဖုန်းတွေကနေ အရည်အသွေးမြင့် ဖုန်းတွေအထိ ကျယ်ပြန့်တဲ့အတွက် Googleရဲ့ Araအစီအစဉ်အတွက် ကောင်းမွန်ပါတယ်။

Googleက Spiral 2 နမူနာပုံစံမှာ ဟက်ဒ်ဝဲကို အနည်းငယ် အဆင့်မြှင့်ထားပါတယ်။ အဓိကပြောင်းလဲမှုက အစိတ်အပိုင်း တွေကို ကိုယ်တွယ်ထားတဲ့ သံလိုက်များဟာ ဖုန်းမှာ မဟုတ်တော့ဘဲ ဖရိမ်မှာ ဖြစ်သွားပါတယ်။ အဒီအတွက် အစိတ်အပိုင်း တွေအတွက် ပိုမိုပြည့်စုံလုံလောက်တဲ့ အသုံး၀င်မှုကို ပေးစွမ်းနိုင်ပါတယ်။

ဒါ့အပြင် Spiral 2မှာ အစိတ်အပိုင်းတစ်ခုမှ အန်တင်နာတစ်ခုဟာ အခြားအစိတ်အပိုင်းများမှ ရေဒီယိုနဲ့ တွဲဖက် အလုပ်လုပ် နိုင်စေတဲ့ RF busကို မိတ်ဆက်လိုက်ပါတယ်။ Googleက ဈေးကွက်ထဲ မပို့ဆောင်မီမှာ စံမီတဲ့ စမတ်ဖုန်းရဲ့ ပါဝါနဲ့ ဘက်ထရီသက်တမ်းရစေမယ့် Spiral 3အဆင့်ကို သွားချင်ပုံပါပဲ။

နောက်ဆုံး နမူနာပုံစံရဲ့ ဒီဇိုင်းကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

Googleက Araစမတ်ဖုန်းအတွက် Ara Marketplaceကိုလည်း အသေးစိတ်ပြောပြပါတယ်။ အဲဒီမှာ ၀ယ်ယူနိုင်တဲ့ အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းတွေကို သိနိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ အစိတ်အပိုင်းတွေအတွက် ဈေးနှုန်းကိုလည်း တစ်ပေါင်းတစ်စည်းထဲ သိနိုင်မှာ ဖြစ်ပါတယ်။

Marketplaceဟာ ဘက်ထရီသက်တမ်းနဲ့ စွမ်းဆောင်ရည် သတင်းအချက်အလက်များလို မတူညီတဲ့ ဟက်ဒ်ဝဲ အတွဲအစပ်များပေါ် အခြေခံပြီး သင့်ဖုန်းရဲ့ သတင်းအချက်အလက်များကို ပံ့ပိုးပေးမယ့် Configurator Appရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
Ara-Marketplace-Configurator-730x408
သင်ဟာ အစိတ်အပိုင်းတွေကို မရွေးချယ်တတ်ဘူးဆိုရင် သင့်ရဲ့ ကြိုက်နှစ်သက်မှုအပေါ်မှာ မူတည်ပြီး ဖုန်းတစ်လုံးကို တည်ဆောက်ပေးမယ့် Simple Phone Makerဆိုတဲ့ Wizard Appတစ်ခုလည်း ရှိပါတယ်။

အရောင်းဆိုင်များမှာတော့ Googleက ဖုန်းအတွက် ကွဲပြားတဲ့ Packageမျိုးစုံကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ အစိတ်အပိုင်းတွေ တွဲစပ်ပြီးသား ဖုန်းကို ၀ယ်နိုင်သလို ကိုယ်တိုင် နှစ်သက်ရာ အစိတ်အပိုင်းတွေကို တွဲစပ်နိုင်ပါတယ်။ စိတ်၀င်စားစရာကောင်းတာက အသုံးပြုသူ အမျိုးအစားအလိုက် “ready-to-go” kitsတွေကိုလည်း ပံ့ပိုးပေးထားပါတယ်။
Kits-730x409
စမ်းသပ်ရောင်းချရင် ဘယ်လို ရွေးချယ်မှုများကို ပံ့ပိုးပေးထားမလဲဆိုတာ မသိရသေးပါဘူး။ ဖုန်းအတွက် ဟက်ဒ်ဝဲနဲ့ ဆော့ဝဲကို တီထွင်မယ့် Developerများအတွက် Module Developer Kit Version 0.2ကို ဒေါင်းလုပ်ရယူနိုင်ပါပြီ။

Googleက စမ်းသပ်ရောင်းချမှုအတွက် Open Mobile , Claroတို့နဲ့ ပူးတွဲလုပ်ဆောင်မှာပါ။ ဖုန်းရဲ့ ဈေးနှုန်းကို မေးမြန်းရာမှာတော့ Googleက အစိတ်အပိုင်းအလိုက် ကွဲပြားမယ်လို့ ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *