Featured, News

၂၀၁၄ ခုနှစ်အတွင်း Googleမှာ အများဆုံး ရှာဖွေမှုများ

၂၀၁၄ ခုနှစ်အတွင်း Googleမှာ အများဆုံး ရှာဖွေမှုများ

Googleက နှစ်ကုန်ခါနီးတိုင်မှာ တစ်နှစ်တာကာလတစ်လျှောက်လုံး သူ့ရဲ့ ရှာဖွေမှုအင်ဂျင်မှာ အများဆုံး ရှာဖွေခဲ့ကြတဲ့ ကဏ္ဍတွေရဲ့ စာရင်းကို ထုတ်ပြန်လေ့ရှိပါတယ်။ ဒီနှစ်အတွက်လည်း Googleက စာရင်းထုတ်ပြန်လိုက်ပါတယ်။ ဒီနှစ်မှာတော့ Googleက စာရင်းနှစ်ခုထုတ်ပြန်ခဲ့ပြီး တစ်ခုက USက လူတွေရဲ့ ရှာဖွေမှုတွေပါ။ နောက်တစ်ခုကတော့ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်ပါတယ်။

US Trending Searches:

1. Robin Williams
2. World Cup
3. Ebola
4. Malaysia Airlines
5. Flappy Bird
6. ALS Ice Bucket Challenge
7. ISIS
8. Ferguson
9. Frozen
10. Ukraine

Global Trending Searches:

1. Robin Williams
2. World Cup
3. Ebola
4. Malaysia Airlines
5. ALS Ice Bucket Challenge
6. Flappy Bird
7. Conchita Wurst
8. ISIS
9. Frozen
10. Sochi Olympics

စာရင်းနှစ်ခုဟာ တော်တော်တူညီနေပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ စာရင်းမှ Conchita Wurstနဲ့ Sochi Olympics တို့ရဲ့ နေရာမှာ Fergusonနဲ့ ယူကရိန်းတို့လောက်ပဲ အမေရိကန် ရှာဖွေမှုစာရင်းမှာ ပြောင်းလဲသွားတာလောက်ပဲ ကွာခြားတာပါ။

မှတ်သားစရာကောင်းတာက Appleထုတ်ကုန်တစ်ခု စာရင်းထဲမှာ မပါလာတဲ့ ပထမဆုံးနှစ် ဆိုတာပါ။ (၂၀၁၀ မှာ iPad ၊ ၂၀၁၁ မှာ iPhone 5 , iPad 3 ၊ ၂၀၁၂ မှာ iPad 3 ၊ ၂၀၁၃ မှာ iPhone 5S က ဒုတိယနေရာ ကနေ စာရင်း၀င်ခဲ့တာပါ။)

နောက်ထပ် မှတ်သားစရာက Flappy Birdဟာ Googleရဲ့ ထိပ်ဆုံး ဆယ်ခုထဲမှာပါလာတဲ့ ပထမဆုံး မိုဘိုင်း App ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *