လက်ရှိမှာ များစွာသော Appတွေဟာ သတင်းတွေကို Updateလုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ ဖတ်ချင်လို့ပဲ ဖြစ်ဖြစ်၊ ပစ္စည်းသစ်တွေ မိတ်ဆက်ချင်တယ်၊ ရောင်းချချင်တယ် ဆိုရင်ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ကိုယ်ကြိုက်နှစ်သက်တဲ့ အရာတွေကို သီးသန့် သိမ်းဆည်းထားမယ်ဆိုရင်တောင်မှ အကူအညီပေး ဆောင်ရွက်ပေးပါလိမ့်မယ်။ လက်ရှိမှာ လူပြော အများဆုံး ဖြစ်နေတဲ့ Appတွေကို ကြည့်ရအောင်ဗျာ။ နောက်တစ်ခုကတော့ Instagramကတော့ အကျော်ကြားဆုံး Photo Sharingလုပ်ပေးနိုင်မယ့် Appဖြစ်ပြီးတော့ ၁၅စက္ကန့်လောက်ကြာတဲ့ ဓါတ်ပုံတွေနဲ့ Videoတွေကို Shareလုပ်နိုင်ပါသေတးယ်။ 53က ဖြန့်ချိထားတဲ့ Paperကတော့ ဒီဇိုင်းဆွဲတတ်သူတွေ အတွက် အထူးသင့်လျော်မှာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းကတောင်မှ ဒေါ်လာ ၂သန်းဖိုး ရင်းနှီးမြှပ်နှံမှုတွေ တိုးမြှင့်လိုက်ပါသေးတယ်။ Grand St.ဆိုတဲ့ Appကတော့ အကန့်အသတ်နဲ့ ဖြန့်ေ၀ပေးတဲ့ Android Appတစ်ခု ဖြစ်ပြီး Gadgetတွေ အကြောင်း ကူညီရှာဖွေပေးမှာ ဖြစ်ပါတယ်။ ParkMeကတော့ ကားပါကင်တွေနဲ့ ကားပြင်ရုံတွေရဲ့ နေရာနဲ့ အချိန် အားလပ်မှုတွေကို ဖော်ပြပေးမှာ ဖြစ်တာကြောင့် အချိန်ကုန် သက်သာအောင် ကူညီပေးမယ့် Appတစ်ခု ဖြစ်ပါတယ်။ Loverlyဆိုတာက မင်္ဂလာဆောင် အစီအစဉ်ရေးဆွဲရာမှာ ကူညီဆောင်ရွက်ပေးမယ့် Appဖြစ်ပြီးတော့ အပြင်အဆင်၊ ဖွဲ့စည်းမှုနဲ့ ပုံစံသစ်တွေကို မိတ်ဆက်ပြသပေးမှာ ဖြစ်ပါတယ်။ Vineကတော့ Instagramနဲ့ ဆင်တူတဲ့ Appတစ်ခု ဖြစ်ပြီး လူအများကတော့ Instagramကို မမီဘူးလို့ ပြောနေပေမယ့် Vineကတော့ မကြာခင်မှာ များစွာသော Featureအသစ်တွေကို အသုံးပြုနိုင်စေရမယ်လို့ ဆိုထားပါတယ်။ Candy Crushဆိုတာက ရတနာတွေ စီပြီးဆော့ကစားရတဲ့ Game Appတစ်မျိုး ဖြစ်ပြီးတော့ ဖျော်ဖြေရေးအပိုင်းမှာ လူကြိုက်များတာ တွေ့ရပါတယ်။ iPhoneနဲ့ iPadတွေ အတွက် ထုတ်လုပ်ထားတဲ့ Officeကတော့ Office 365နဲ့ ချိတ်ဆက်ပြီး ရုံးလုပ်ငန်းနဲ့ Widowsတွေက Officeတွေ အလုပ်လုပ်သလိုမျိုး လုပ်ကိုင်ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ Chatologyက Messageတွေကို အကောင်းဆုံး သိမ်းဆည်းထားရှိပေးမယ့် Appတစ်ခု ဖြစ်ပြီးတော့ ပြန်လည် ရှာဖွေတဲ့နေရာမှာလည်း အလွယ်ကူဆုံး နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်မှာပါ။ Feedlyဆိုတာ Google Readerလိုမျိုး Appဖြစ်ပြီးတော့ နောက်ပိုင်းမှာ Google Readerအစား အသုံးပြုနေတဲ့ Appဖြစ်ပါတယ်။ Tempoကတော့ Calendar Appတစ်ခု ဖြစ်ပြီး သင့်ရဲ့ ကြိုတင် အစီအစဉ်တွေကို အကောင်းဆုံး မှတ်သား ထားရှိနိုင်မှာ ဖြစ်သလို သတိပေး အချက်ပြမှုတွေနဲ့ ကူညီဆောင်ရွက်ပေးမှာပါ။ Evernoteကိုတော့ မကြာသေးခင်ကမှ Updateပြန်လုပ်ထားသေးတယ်လို့ သိရပြီး Emailတွေကိ်ု အကောင်းဆုံး စုစည်း သိမ်းထားပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး Uberက Taxiတွေကို ကြိုတင် ငှားရမ်းနိုင်မှာအောင် ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပြီးတော့ အခြားသော Taxiတွေ ရှိနေတဲ့ နေရာတွေကိုလည်း မြေပုံ နဲ့ ဖော်ပြပေးမှာပါ။ PayPalကတော့ Onlineကတစ်ဆင့် ပေးဆောင်စရာ ရှိတာတွေကို လုပ်ဆောင်နိုင်အောင် ကြားခံဆောင်ရွက်ပေးမယ့် Appတစ်ခု ဖြစ်ပြီးတော့ Stripeဆိုတဲ့ Appနဲ့ အပြိုင် လူကြိုက်များနေတဲ့ Appတစ်မျိုး ဖြစ်ပါတယ်။ NoteSuiteက iPad Appတစ်ခု ဖြစ်ပြီးတော့ Noteတွေ ရေးတဲ့ အခါတွေမှာ ကူညီလုပ်ဆောင်ပေးမှာ ဖြစ်သလိ်ု PDFs Fileတွေ ဖတ်ဖို့၊ Listတွေ ဖန်တီးဖို့၊ Noteတွေ ရေးဖို့နဲ့ အခြားသော လူတွေရဲ့ လိပ်စာတွေကိုပါ တစ်နေရာတည်းမှာ သိမ်းထားနိုင်အောင် ကူညီပေးမှာပါ။
လူတိုင်းရဲ့ နှုတ်ဖျားက App ၁၅ခု

02
Jul
ကောင်းလိုက်တဲ့ Apps တွေပဲ။တကယ်ကိုယ့်လက်ထဲရောက်လာရင်တော့ သိပ်ကောင်းမယ်။
ကျေးဇူးတင်ပါတယ်…အခုလိုသိခွင့်ရတဲ့အတွက်