Apps

iPhone မလုပ်နိုင်တဲ့ Samsung ရဲ့အားသာချက် ၁၀ချက်

sg-iphone

နိုင်ငံအရပ်ရပ်က ဖုနး်ဈေးကွက်တွေထဲမှာ သည်းသည်းလှုပ်ဖြစ်နေတာ iPhone 5 နှင့် Samsung S4 ဆိုရင် မှားမယ်မထင်ပါဘူး။ iPhone ရဲ့ iOS စနစ်ကို ကြိုက်တဲ့ သူတွေကလည်း iPhoneမှ iPhone ဖြစ်သလိုမျိုး Samsung Galaxy ဖုန်းတွေရဲ့ ထူးခြားဆန်းပြားချက်လေးကို သဘောကျသူတွေကလည်း အသစ်ထွက်လာခဲ့ S4 ကို စောင့်နေတာမျိုးလည်း ရှိပါတယ်။ ဈေးကွက်မှာ ပြိုင်ဆိုင်နေတဲ့ ဖုန်းအမျိုးအစားနှစ်မျိုး ကို Business Insiderက နှိုင်းယှဉ်ရေးပြထားတာကို တွေ့နေရပါတယ်။ iPhone မလုပ်နိုင်တဲ့ Samsung S4ရဲ့ စွမ်းဆောင်နိုင်ချက် ၁၀ ချက်ကို တင်ပြလိုက်ပါတယ်။

  • IR Blaster လို့ခေါ်တဲ့ Smart TV တွေကို ထိန်းချုပ်နိုင်တဲ့ Remote App ဟာ S 4မှာ Built-in အဖြစ်ပါ၀င်တာကိုတွေ့နိုင်ပါတယ်။ကြိုးနဲ့ဖြစ်စေ၊ဂြိုလ်ထုကဖြစ်စေ TV System တွေကို ကူးယူပြီး Remote အဖြစ်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
  • NFC (near Field Communication)ပါ၀င်ပြီး အနီးအနားရှိတဲ့အခြားသော Device တွေနဲ့ Contentတွေ၊ဓာတ်ပုံတွေကို Tap လုပ်ပြီး အလဲအလှယ်လုပ်နိုင်မှာဖြစ်ပါတယ်။
  • Standard Micro SD Card ကို ထည့်သွင်းနိုင်မယ်ဆိုရင် S4 ကို extra storage ထပ်ပေါင်းထည့်လို့ရနိုင်ပါတယ်။ အဲ့အတွက်လည်း ဈေးအရမ်းသက်သာပါတယ်။ Extra 32 GB မှဒေါ်လာ ၂၀ပဲ ပေးရပါတယ်။
  • ပြည့်စုံတဲ့ Battery ပါတဲ့ Smart Phone ဆိုတာ မရှိပါဘူး၊S 4မှာတော့ Battery အစားထိုးသုံးလို့ရပါတယ်။
  • Full 1080p HD Video နှင့် ဖွင့်နိုင်ပါတယ်။ iPhone နှင့် အခြား ထိပ်တန်း၀င် smart Phone တွေတောင် မလုပ်နိုင်ပါဘူး။
  • ငါးလက်မ မျက်နှာပြင်ရှိတယ်။ iPhone 5ထက်မျက်နှာပြင်ပိုကျယ်တယ်။ခပ်ကြီးကြီး မျက်နှာပြင်ရှိတဲ့ဖုန်းကိုကြိုက်တတ်ရင် iPhone 5 ထက် ပိုသင့်တော်တယ်။
  • S4 အမျိုးအစားတူဖုန်းတွေမှာ သီချင်းတွေ တစ်ပြိုင်နက်ဖွင့်လို့ရတယ်၊ ဂိမ်းတွေ တူတူ ကစားလို့ ရနိုင်တဲ့ Group Play App ပါ၀င်တယ်။ ဒီ Appက wifi ကို သုံးပြီး အခြားဖုန်းတွေနဲ့ ချိတ်ပေးမယ်။
  • Cameraကို သုံးတဲ့နေရာမှာလည်း ကိုမလိုချင်တဲ့ ပုံရိပ်တွေ၊ နောက်ခံတွေကို ဖျက်လို့ ရတယ်၊ လိုချင်တဲ့ ပုံစံ ဖန်တီးယူလို့ရတယ်။
  • သင် စာဖတ်နေတဲ့အချိန် မျက်နှာပြင် မှောင်သွားတာကို ကာကွယ်ပေးနိုင်မယ့် Smart Stay ဆိုတဲ့ ဆော့ဖ်ဝဲလ် ပါ၀င်တယ်။
  • အားသွင်းဖို့ရယ်၊ ကွန်ပြူတာနဲ့ ချိတ်ဆက်ဖို့ရယ်၊ Micro USB Plug ပါ၀င်ပါတယ်၊ အဆိုပါ Plug ဟာ iPhoneမှာ သုံးတဲ့ lightning port ထက်စာရင် အသုံးပြုရလွယ်ကူပါတယ်။
author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

One thought on “iPhone မလုပ်နိုင်တဲ့ Samsung ရဲ့အားသာချက် ၁၀ချက်

  1. Ashote Htoke says:

    iPhone နဲ့ Samsung နဲ့ဆို Sony Z ကြိုက်တယ်ဗျာ….:)

Leave a Reply

Your email address will not be published. Required fields are marked *