News

ဒေါက်တာဆိတ်ဖွား ဒီတစ်ခါတော့ ရှိစေ

Hluttaw

ဇူလိုင်လ ၁ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယကမှ ဒေါက်တာ ဆိတ်ဖွားကိစ္စနှင့် ပတ်သက်၍ “ငရဲမကြီးရအောင် အဆဲပြီး ဆေးဆောင်ထားရန်” လွှတ်တော်ကိုယ်စားလှယ်များသို့ မေတ္တာရပ်ခံခဲ့ပြီး ဒေါက်တာဆိတ်ဖွားဆိုသူအား နောင်တွင် ယခုကဲ့သို့ လုံးဝ မပြုလုပ်ရန် သတိပေးလိုက်ကြောင်း သိရသည်။

ဒေါက်တာဆိတ်ဖွား၏ Above The Law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာကို ကော်မရှင် ဥက္ကဋ္ဌ ဦးမြညိမ်းက ဖတ်ကြားခဲ့ ပြီးနောက် ပြည်ထောင်စု လွှတ်တော် နာယကမှ ၎င်း၏ အစီရင်ခံစာ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒေါက်တာ ဆိတ်ဖွားကိစ္စနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်မှ Street View အပတ်စဉ်ထုတ် ဂျာနယ် အကြံပေး (ယခင် အယ်ဒီတာချုပ်)ဖြစ်သူ ဦးခင်မောင်ညို (ဘောဂဗေဒ)နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်တို့အား လည်း ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

လွှတ်တော်သည် အစိုးရတစ်ရပ်ကဲ့သို့ စုံစမ်းဖော်ထုတ်နိုင်စွမ်း မရှိသည့်အတွက် ဒေါက်တာ ဆိတ်ဖွားကို သိစေကာမူ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပေါ်ပေါက်တတ်စမြဲ ဓမ္မတာကြောင့် ယင်း၏ ကျူးလွန်မှုကို လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သင်္ဂဇာ ဆရာတော်ဘုရား၏ ထုံးကို နှလုံးမူစေလိုကြောင်း ဒေါက်တာ ဆိတ်ဖွား၏ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၂၀ရက်နေ့က တင်ထားသော တောင်းပန်ခြင်းကို လက်ခံသော်လည်း စာနယ်ဇင်းသမားများသည် အမှန်ကို အမှန်အတိုင်း ရေးရသည်။ ရေးရဲသည်ကိုလည်း အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် မှန်ကန်ကြောင်း တာဝန်ယူရဲရမည် ဖြစ်၍ နောက်နောင်တွင် ဤကဲ့သို့ လုံးဝမပြုလုပ်ရန် ပြည်ထောင်စု လွှတ်တော်နာယကအနေဖြင့် သတိပေးလိုက်သည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “ဒေါက်တာဆိတ်ဖွား ဒီတစ်ခါတော့ ရှိစေ

  1. Myo Thiha says:

    နိုင်ငံရေးက တော့ ထူးဆန်းတာတွေပဲ။ အမတ်တွေ လွှတ်တော်ထဲမှာ ဆွေးနွေးမှုတွေကို မြန်မာနိုင်ငံကောင်းမွန်ဖို့ တိုးတက်ဖို့ အတွက် မှန်ကန်ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါစေလို့ မျှော်လင့်မိပါတယ်။

  2. thwethweaye says:

    ဒေါက်တာဆိတ်ဖွားကို သတိပေးလိုက်ပေမယ့် အလားတူကိစ္စမျိုးဖြစ်လာခဲ့မယ်ဆိုရင်ကော လွှတ်တော်က ဘယ်လိုပုဒ်မတွေတပ်ပြီး အရေးယူနိုင်လို့လဲ။

Leave a Reply

Your email address will not be published. Required fields are marked *