News

Apple Q3 မှန်းထားသလို မဖြစ်

ရှေ့နှစ် သြဂုတ်လမှစပြီး Steve Jobs မရှိတော့သည့်နောက် CEO အသစ် Tim Cook ဦးဆောင်ခဲ့သည့် ကမ်ဘာ့နာမည်ကြီး Brand တစ်ခုဖြစ်သော Appleဟာ ၂၀၁၂ရဲ့ Q3 ဘဏ္႑ာရေး အချက်အလက်များ တရား၀င် ထုတ်ပြန်ချက်အရ ၃ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ခဲ့သည်လို့ ဆိုပါသည်။ Wall Streetမှ လေ့လာသုံးသပ် သူများ၏ ခန့်မှန်းချက်နှင့် အလွဲကြီးလွဲခဲ့ခြင်းလည်း ဖြစ်ပါသည်။

စာရင်းဇယားများအရ ၂၀၀၉ ခုနှစ်မှစတင်၍ ၂၃% တစ်နှစ်ထက် တစ်နှစ် တိုးတက်ခဲ့သော်လည်း ဒီနှစ် Q3 မှာတော့ တိုးတက်မှုမှာ ၃%သာသာပဲ ရှိခဲ့ပါသည်။
ဤသို့ ကျဆင်းခဲ့ခြင်းမှာ Apple ပရိတ်သတ်များမှ လာမည့် iPhone 5ကို စောင့်မျှော်နေခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်ဟု သတင်းများ အရ သိရသည်။ Apple မှ Q3 တွင် iPads အလုံးရေ ၁၇ မီလီယံနှင့် iPhone အလုံးရေ ၂၆ မီလီယံ ရောင်းချခဲ့ရပြီး အသားတင် ၀င်ငွေ ၈.၈ ဘီလီယံရှိကာ ရှယ်ယာတစ်ခုကို USD 9.32 ရှိခဲ့သည်ဟု ကြေညာခဲ့ပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *