Apps

iOS 6.1 တွင် Lockscreen ကို Passcode မသိဘဲ ဖြတ်ကျော်၍ ရသည်ဟု သတင်းများထွက်နေ

iphone-lock-srceen

Apple၏ iOS 6.1တွင် Securityပိုင်း အားနည်းမှု တစ်ခု ပါဝင်လာခဲ့ပြီး Lockချထားသော Screenကို Passcode မသိဘဲ ဖွင့်ကာ ဖုန်းရဲ့ Applicationများ၊ Voice Mailများ၊ Contanct နံပါတ်များ ဖုန်းထဲမှာ ဓာတ်ပုံများကို ကြည့်ရှု အသုံးပြုခြင်းများကို ပြုလုပ် နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကို နမူနာ ပြသထားတဲ့ Video Fileများလည်း YouTubeမှာ တင်ထားတာကို တွေ့ခဲ့ရပါတယ်။

ပြုလုပ်တဲ့ နည်းကတော့ ဖုန်းရဲ့ Power Buttonကို နှိပ်ပြီး Screenကို Unlock ပြုလုပ်ရန် Passcodeကို မရိုက်ထည့်ဘဲ Emergency Call တစ်ခုခု (ဥပမာ – 112)ကို ခေါ်ရပါမယ်။ ခေါ်ပြီးရင်တော့ ချက်ချင်း ပြန်ချလိုက်ပြီး နောက်တစ်ကြိမ် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း နောက်တစ်ခေါက် ထပ်လုပ်လိုက်ရင် ဖုန်းရဲ့ Screenကို Unlock လုပ်ဖို့ Passcode ရိုက်မထည့်ရဘဲ Lock ပွင့်သွားတာကို တွေ့ခဲ့ရပါတယ်။

UK က iPhone အသုံးပြုသူနှစ်ယောက်ရဲ့ iOS 6.1 သုံးတဲ့ iPhone 5S နှစ်လုံးကိုစမ်းသပ်ကြည့်တဲ့အခါထိုကဲ့သို့ပဲလုပ်လို့ရခဲ့တယ်လို့ဖော်ပြထားပါတယ်။
ဒီ Security ပိုင်း ချို့ယွင်းမှုဟာ iOS 4.1 မှာတုန်းက ဖြစ်ခဲ့တာနဲ့ဆင်တူပြီး iOS 4.2 မှာပြင်ဆင်နိုင်ခဲ့ပါတယ်။နောက်ဆုံးရတဲ့ သတင်းတွေအရတော့ Apple က ဒီပြဿနာကို ဂရုတစိုက် ဖြေရှင်းရမှာ ဖြစ်ပြီး အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပြီ ဖြစ်သလို နောင်လာမည့် Software Updateတွေမှာ ဒီလို ပြဿနာမျိုး ပါဝင်လာမှာ မဟုတ်တော့ဘူးလို့ ပြောခဲ့တယ်လို့ သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *