News

iOS, Androidတွေကို ငြီးငွေ့သူများအတွက် Ubuntu

နှစ်ဆန်းမှာ ထူးတယ်လို့ ပြောရမည့်၊ iOSနှင့် Android အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည့် အချိန်အခါမျိုးဖြစ်သည့်အလျောက်၊ RIMမှလည်း Blackberry 10ကို ဒီလကုန် မိတ်ဆက်ပေးတော့မည်ဟု ကြေညာလိုုက်သည့်အချိန်မျိုး၌ အချိန်ကိုက် သတင်းထုတ်ပြန်လိုက်သလိုပဲ အများရဲ့ အာရုံစိုက်မှုကို ရယူသွားနိုင်ခဲ့တဲ့ Ubuntuရဲ့ mobile operating systemအသစ်လေး ဖြစ်ပါတယ်။

Ubuntuဟာ PC လောကမှာတော့ open-sourced operating system တစ်ခုအနေဖြင့် ရပ်တည်နေခဲ့တာ ကြာရှည်ခဲ့ပါပြီ။ ၎င်းဟာ Microsoft, Appleတို့လို mainstream OS မဟုတ်ပဲ mainstream OSတွေလို လိုင်စင်ပေါင်းများစွာ ၀ယ်ယူမှ PC ကောင်းကောင်း အသုံးပြုနိုင်သည်ဆိုသည့် စနစ်ကို မနှစ်သက်သူ အများစု အသုံးပြုတဲ့ OS တစ်ခုဆိုလည်း မမှားပါဘူး။

Ubuntuရဲ့ mobile OS ဆိုတာ Android OS လိုပဲ နည်းပညာ စိတ်၀င်စားသူများအားလုံး အခမဲ့ ၀ိုင်း၀န်း ဖန်တီးထားတဲ့ Linux Foundationပေါ်မှာ အခြေခံထားတာပါ။ ဒါကြောင့် ဒီ OSဟာ mobile developerများအတွက်တော့ Appleရဲ့ iOSထက် တီထွင်ရတာ ပိုမိုလွတ်လပ်ခွင့် ရနိုင်ပါတယ်။ မြင်တွေ့အသုံးပြုပြီးသွားသူများရဲ့ အဆိုအရတော့ Ubuntuရဲ့ OSဟာ ယခုလက်ရှိ ကမ္ဘာတစ်၀ှမ်းမှာ လူသုံးအများဆုံး စမတ်ဖုန်းများမှာ အသုံးပြုထားတဲ့ Android OS ထက် များစွာ သာလွန်မှု ရှိတယ်လို့ ဆိုထားပါတယ်။ ထို့ကြောင့် လေ့လာသုံးသပ်သူများမှာ Androidလိုမျိုး open-sourceဖြစ်ပြီး အင်တာဖေ့စ်ပါ သာလွန်နေတဲ့ Ubuntu OS ဈေးကွက်မှာ ဘယ်ပုံ ဘယ်နည်းနဲ့ ထိုးဖောက်နေရာယူလာမလည်း ဆိုတာကို ထင်ကြေးမျိုးစုံပေးလျက် ရှိပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *