Gadgets

အနာဂတ် Desktopတွေရဲ့ ရှေ့ပြေး Mac Pro

www.gizmodo.com.au

Appleရဲ့ Desktopပုံစံသစ် တစ်မျိုးကို မကြာခင်က မိတ်ဆက်ပြသခဲ့ပြီး အနာဂတ်မှာ လက်တွေ့ အသုံးချနိုင်မယ့် Pro Desktopဖြစ်လာတော့မှာ ဖြစ်ပါတယ်။ သူ့မှာ ပုံမှန် Desktopတွေလို Graphics, Storage, Expansion, Processing Powerနဲ့ Memoryစတဲ့ အပိုင်းတွေ ခွဲခြားပါရှိတာ တွေ့ရပါတယ်။ Mac Proကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖြန့်ချိနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း တွေ့ရပါတယ်။

New Power Structure
စွမ်းဆောင်နိုင်မှု အပိုင်းမှာ ဖွဲ့စည်းမှု ပုံစံတွေ ပြောင်းလဲလာတာ တွေ့နိုင်ပါ တယ်။ Dual GPUsစနစ်သစ်, Storage အပိုင်းမှာလည်း PCI Expressbased စနစ်၊ Connectionအပိုင်းမှာ Thunder-bolt 2လို မြန်နှုန်းမြင့် ချိတ်ဆက်နိုင်မှု၊ Processorအပိုင်းမှာ မော်ဒယ်သစ် Xeonအသုံးပြုထားမှု၊ Memoryက Ultrafastအဖြစ် သုံးစွဲနိုင်မှုနဲ့ Video အပိုင်းမှာလည်း 4Kစနစ်(Resolution စုစုပေါင်း 4096×3072 Pixelရှိ Video)ကို Support လုပ်ပေးနိုင်မှုတွေက Mac Proရဲ့ အားသာချက်တွေ ဖြစ်မှာပါ။

Graphics
ပုံမှန် ကွန်ပျူတာတွေရဲ့ လုပ်ဆောင်နိုင်စွမ်းက CPUအပေါ်မှာ မူတည် တာ ဖြစ်ပြီးတော့ Mac Proမှာတော့ အပိုင်း တစ်ပိုင်းချင်းစီအပေါ်မှာ မူတည် ပါတယ်။ အထူးသဖြင့် GPU စနစ်သစ်ဟာ အမြန်နှုန်း တိုးတက်လာအောင် ကူညီ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်လို့ပါ။ ဒါ့အပြင် သူ့ရဲ့ မူလတာ၀န် ဖြစ်တဲ့ Graphic အပိုင်းမှာလည်း 4Kလောက် အရည်အသွေးရှိတဲ့ Videoတွေကို တောင် ကြည့်ရှုနိုင်အောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Expansion
Pro Computer တစ်လုံးအတွက် အရေးအကြီးဆုံးက ကန့်သတ်ချက် မရှိတဲ့ Expansionစနစ်ကို လုပ်ဆောင်သုံးစွဲနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် လည်း Expansionစနစ်အတွက် အရေးအကြီးဆုံး ဖြစ်တဲ့ Connection အပိုင်းမှာ Thunderbolt 2, USB 3.0, Gigabit Ehternetနဲ့ HDMI 1.4 Portတွေ ပါရှိမှာ ဖြစ်ပါတယ်။ ဒီနေ့အထိ ရှိခဲ့ပြီးသမျှ Macတွေထဲမှာတော့ Expandအလုပ်နိုင်ဆုံး Macဖြစ်လာမှာပါ။

Processor
အသုံးပြုထားမယ့် Chipsetက Intelရဲ့ မျိုးဆက်သစ် ပစ္စည်းတစ်ခု ဖြစ်တဲ့ Xeon E5 ဖြစ်ပါတယ်။ သူ့ရဲ့ Processing Powerက 12 Coreနဲ့ အထက်တောင်မှ လုပ်ဆောင်နိုင်မှာမို့ လက်ရှိ မြန်နှုန်းတွေထက် နှစ်ဆ လောက် ပိုမို မြန်ဆန်မှာ ဖြစ်ပါတယ်။ နောက်ပြီး PCIeစနစ်ကြောင့် Band widthကို တစ်စက္ကန့်မှာ 40GBနှုန်းထက် မြန်ဆန်အောင် သုံးစွဲနိုင်ဦးမှာ လည်း ဖြစ်ပါတယ်။


Storage

Flash Storageစနစ် ပါ၀င်မှာ ဖြစ်ပြီး နောက်ထုတ် PCI Expressကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ မြန်နှုန်း အပိုင်းမှာလည်း လက်ရှိ SATA-Based Flash Driveတွေထက် နှစ်ဆခွဲ ပိုမို မြန်ဆန်မှာ ဖြစ်ပြီး 7200-rpm ရှိတဲ့ SATA Hard Driveထက် ဆယ်ဆကျော် မြန်ဆန်မှာလည်း ဖြစ်ပါတယ်။ ဒီလောက်ဆို သူရဲ့ အားသာချက်နဲ့ လုပ်ဆောင်နိုင်စွမ်းကို ရိပ်မိ လောက်ပါပြီ။

Thunderbolt 2
ဒီ စနစ်က ကျွန်တော်တို့နဲ့ စိမ်းတဲ့ Connectionစနစ်သစ် ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်၀င် Computerတွေမှာလည်း သုံးစွဲထားတာမျိုး သိပ်မတွေ့ ရပါဘူး။ သူက ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ထွက်ရှိ သုံးစွဲနေတာ ဖြစ်ပေမယ့် အသုံးတော့ နည်းပါတယ်။ Pin ၂၀ ပါရှိ်တဲ့ အဲဒီပစ္စည်းဟာ အမြန်နှုန်း တစ်စက္ကန့်ကို 20 GBနဲ့ အထက်လောက်နဲ့ Data Flowလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အမြန်နှုန်းက FireWire 800ထက် ၂၅ဆ ကျော်ပိုမြန်မှာ ဖြစ်ပြီး 4Kဆိုင်ရာ Displayသုံးခုနဲ့ တစ်ပြိုင်နက်တည်း ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

Memory
Memory Bandwidthမှာ တစ်စက္ကန့်ကို 60GBနဲ့ အထက် မြန်ဆန် အောင် သုံးစွဲနိုင်မှာ ဖြစ်လို့ ကျွန်တော်တို့ စိတ်ကူးထဲက အမြန်နှုန်းကို လက် တွေ့မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Memoryအပိုင်းက Four-channel DDR3ကို အသုံးပြုထားပြီး အမြန်နှုန်းက 1866 MHzနဲ့ သုံးစွဲနိုင်မှာပါ။ နောက်ပြီး အပြိုင်လုပ်ကိုင် သုံးစွဲခြင်းတွေ၊ Video Exportတွေနဲ့ ဆက်တိုက် အသုံးပြုမှုတွေမှာ နှောင့်နှေးမှုတွေ မရှိပဲ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

A Single Breakthrough Fan
စွမ်းဆောင်ရည် မြင့်မားတဲ့ စက်ပစ္စည်းတိုင်းအတွက် အဓိက လိုအပ်တဲ့ အရာကတော့ အအေးပေးစနစ် ဖြစ်ပါတယ်။ Mac Proမှာ ပါရှိမယ့် Fanက သီးခြားစနစ်မျိုး မဟုတ်ပဲ Fanတစ်လုံးတည်းကို အောက်ခြေမှာ အထိုင်ထားပြီး အပေါ်ဘက်ကို လေအေးပေးတဲ့ စနစ်မျိုး သုံးစွဲပါရှိမှာ ဖြစ်ပါတယ်။ လေအေး တွေက ဒေါင်လိုက် လှုပ်ရှားမှာ ဖြစ်ပြီး စက်ရဲ့ အပူတွေကို စုပ်ယူသယ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသေးစိတ် အနေနဲ့ စက်ရဲ့ အတွင်းပိုင်း အကန့်တွေရဲ့ အရေအတွက်၊ အရွယ်အစား၊ တစ်ခုနဲ့တစ်ခုကြား အကွာ အေ၀းနဲ့ ပုံစံတွေကိုပါ တွက်ချက် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

Wireless Connection
ကြိုးမဲ့ ဆက်သွယ်ရေးအတွက် အကောင်းဆုံး ဖြစ်တဲ့ နောက်ဆုံးပေါ် Wifiစနစ်သစ် 802.11 acကို အသုံးပြုပါရှိမှာ ဖြစ်လို့ စိတ်ကြိုက်ဖြစ်စေမှာပါ။ အကြောင်းကတော့ Mac Proထွက်လာမယ့် ဒီနှစ်ကုန်ပိုင်း အရောက်မှ 802.11 acကလည်း ဖြန့်ချိမှာ ဖြစ်တဲ့အတွက်ပါ။ နောက်ပြီး Bluetooth အပိုင်းမှာလည်း နောက်ဆုံး ထွက်ရှိထားတဲ့ Version 4.0ကို အသုံးပြုပါ၀င်မှာ ဖြစ်တာကြောင့် ကြိုးမဲ့စနစ်နဲ့ Keyboard, Mouseတွေအပြင် အခြားသော Wirelessပစ္စည်းတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Ref: www.apple.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts