Apps

Apple မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သော Music Production Software!

Fruity Loop, ACID Pro, Virtual DJ Pro စတဲ့ software တွေကို ဂီတပညာရှင်တိုင်း သိကြမှာပါ။ ယခုတော့ ပစ္စည်းအကောင်းစား၊ အလန်းစားများကိုသာ အစဉ်ထုတ်လုပ်တဲ့ Apple ရဲ့ ဂီတဖန်တီးထုတ်လုပ်တဲ့ software အသစ်တစ်မျိုး ထွက်ရှိလာခဲ့ပါပြီ။ Logic Pro-X လို့ နာမည်ပေးထားပြီး Mac Book များအတွက် အထူးသင့်လျော် ကောင်းမွန်ပါတယ်။ သီချင်းတွေကို Frame ချတာကအစ၊ Editing, Mixing လုပ်တာ အဆုံး အားလုံးကို software တစ်မျိုးတည်းနဲ့ ပြည့်ပြည့်စုံစုံ၊ quality ကောင်းကောင်း အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
Plug-ins နဲ့ အသံပေါင်းများစွာ ပါရှိပြီး Timing ကိုလည်း မိမိအလိုရှိသလို စိတ်ကြိုက်ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ Hip Hop မှစ၍ Electro House, Dubstep, Modern R&B, Tech House, Deep House, Chillwave စတဲ့ ဂီတအမျိုးအစားပေါင်းများစွာကိုလည်း အလန်းစားဖန်တီးနိုင်မှာဖြစ်ပါတယ်။ Fruity Loop Software နဲ့တော့ အတော်လေးဆင်တူပေမယ့် အဆိုပါ Software ထက်ကောင်းတဲ့ အားသာချက်တွေတော့ အများကြီးပါ၀င်လာပါတယ်။
iOS အတွက်ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပြီးတော့ Graphics ရုပ်ထွက်ကအစ တစ်မူထူးခြားနေစေမှာ ဖြစ်ပါတယ်။ Studio ကြီးတစ်ခုလုံးကို သင့်ကွန်ပျူတာထဲ ထည့်ထားသလို Function တွေ အလွန်စုံလင်စွာ ပါ၀င်ပြီး ရုပ်ပုံတွေကို အသံထည့်တဲ့ Function, Picture Sliding, Gallery with sounds စတဲ့ စနစ်တွေပါ ပြည့်ပြည့်စုံစုံ ပါ၀င်ပါတယ်။ အသုံးပြုသူ User တိုင်းကို စိတ်ကျေနပ်မှု အပြည့်ပေးနေတဲ့ Apple ရဲ့ထုံစံအတိုင်း ဒီ software ဟာလည်း App Store မှာ $199.99 ဖြင့် ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Ref : http://www.apple.com/logic-pro/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *