Apps

iOSနဲ့ Androidစနစ်များအတွက် အကောင်းဆုံး Photo Appsများ

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး Smartphoneတစ်လုံး ဒါမှမဟုတ် Tabletတစ်လုံးတော့ သုံးစွဲနေကြသလို အဲဒီထဲကမှ တော်တော်များများဟာလည်း Photo Appsတွေ အသုံးပြုပြီး မှတ်တမ်းတင်ပုံတွေကို ရိုက်ကူး သိမ်းဆည်း ေ၀ငှနေကြပါတယ်။ ဒီနေ့ ကျွန်တော်ပြောမှာကတော့ ဒီAppတွေထဲက အကောင်းဆုံး Tablet Appတွေကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ (၁) Snapseed – သူ့ကိုတော့ Googleက ထုတ်လုပ် ဖြန့်ချိတာ ဖြစ်ပြီးတော့ အခမဲ့ ရယူနိုင်တဲ့ Appတစ်ခု ဖြစ်ပါတယ်။ သူ့ကို သုံးမယ်ဆိုရင်တော့ သင့် Tabletဟာ iOS 5စနစ် ဒါမှမဟုတ် Android 4.0နဲ့ နောက်ပိုင်းထွက်တဲ့ Versionအသစ်တွေ အကုန်လုံးသုံးစွဲနိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ (၂) Pixlr Express – သူကတော့ Autodeskရဲ့ လက်ရာ ဖန်တီးမှု ဖြစ်ပြီး သူလည်း အခမဲ့ ရယူနိုင်တဲ့ Appပဲ ဖြစ်ပါတယ်။ သူကတော့ iOSစနစ်တွေ အတွက် ချေးများတယ်လို့ ဆိုနိုင်ပြီး iOS 6နဲ့ နောက်ထွက်တွေမှာမှ သုံးနိုင်မှာပါ။ ဒါပေမယ့် Androidဖက်မှာတော့ အားသာချက်ရှိပြီး Android 2.2စနစ်ကနေစပြီး နောက်ထွက် စနစ်အသစ်တွေ အကုန် အသုံးပြုနိုင်မှာပါ။ (၃) PicsPaly Pro – ဒီAppကတော့ ပိုက်ဆံပေးပြီး ၀ယ်ယူရမှာ ဖြစ်ပြီး တန်ကြေးက ၃.၉၉ဒေါ်လာ ဖြစ်ကာ လက်ရာကတော့ JellyBus, Inc.ရဲ့ ထုတ်လုပ်မှုပါ။ iOS 5နဲ့ Androidမှာဆိုရင် Version 2.2နဲ့ နောက်ထွက်တွေ အကုန်လုံးမှာ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် မဆိုးလှပါဘူး။ (၄) PicShop – သူလည်း ၀ယ်ယူသုံးစွဲရမယ့် Appဖြစ်ပြီးတော့ esDot Studioရဲ့ ဖန်တီးထုတ်လုပ်မှု ဖြစ်ကာ ဈေးနှုန်းကတော့ ၄.၉၉ဒေါ်လာ ဖြစ်ပါတယ်။ အခြားသော Appတွေထက် တန်ကြေးမြင့်လာလို့လားတော့ မသိ၊ iOSအပိုင်းမှာဆိုရင် Version 4.3နဲ့ Androidမှာဆိုရင် Version 2.2စတဲ့ ရှေ့ပိုင်းစနစ်တွေကနေ နောက်ဆုံးထွက်ထိအောင် သုံးစွဲနိုင်တာ တွေ့ရပါတယ်။ (၅) Photoshop Touch – ဒီနေ့ ပြောခဲ့တဲ့ Appတွေ ထဲမှာတော့ ဒီAppက တန်ကြေး အမြင့်ဆုံးပါပဲ။ ၉.၉၉ ဒေါ်လာတန်တဲ့ ဒီAppက Adobe Systems, Inc.ရဲ့ လက်ရာ ဖြစ်ပြီးတော့ iOS 5စနစ်နဲ့ နောက်ပိုင်းထွက် စနစ်တွေ၊ iPad 2နဲ့ Android 3.1နဲ့ နောက်ပိုင်းထွက် စနစ်တွေမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။

Ref: www.forbes.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

3 thoughts on “iOSနဲ့ Androidစနစ်များအတွက် အကောင်းဆုံး Photo Appsများ

  1. Myo Thiha says:

    တော်တော်များများသုံးနိုင်လို့ ရတော့ ကောင်းတာပေါ့။

  2. sithusoepaing says:

    ကျွန်တော့်လိုကင်မရာရုးအတွက်အဆင်ပြေတာပေါ့။camera app တွေစုတာဝါသနာပါပါတယ်။

  3. John Sonmaung says:

    nice post

Leave a Reply

Your email address will not be published. Required fields are marked *