News

CD/DVD မရှိတော့မယ့် အနာဂတ်ကို Appleမှ စတင် ခေါ်ဆောင်

Macကို ချစ်မြတ်နိုးသူအားလုံး စိတ်၀င်စားနေကြသည့် နောက်ဆုံးပေါ် Mac Book Pro with Retina Displayဟာ ပြည်တွင်းသို့ ရောက်ရှိလာပြီဟု နည်းပညာရပ်ကွက်မှ ဆိုပါသည်။ ထို MacBookဟာ Steve Jobs မရှိတော့သည့် နောက်ပိုင်း Apple၏ CEO အသစ် Tim Cookမှ ဦးစီးပြီး ကမ်ဘာသို့ ထုတ်ဖော်ပြသခဲ့သည့် ပထမဆုံး မျိုးဆက်လည်း ဖြစ်သည့်အတွက်ကြောင့် အားလုံးမှ စိတ်၀င်တစား စောင့်ကြည့်ခဲ့ရသည့် ပစ္စည်း (Gadget)အသစ်လည်း ဖြစ်ပါသည်။ Tim Cook၏ ပြောဆိုချက်အရ MacBook အသစ်လေးအား Futureအတွက် ရည်ရွယ်ထားပြီး မလိုအပ်တော့သည့် အရာအားလုံးကို ဖယ်ထုတ်ကာ ပါးလွှာမှုကို အဓိကထား တီထွင်ထုတ်လုပ်ခဲ့သည်ဟု ဆိုပါသည်။

အမေရိကန်နိုင်ငံလို တိုးတက်နေသည့် နို်င်ငံအများစု၌ အင်တာနက် ကော်နက်ရှင်၏ မြန်နှုန်းထားမှာ အနည်းဆုံး 5Mbps မှ 100Mbps အထိရှိရာ ယနေ့ခေတ်ကြီး၏ စီးပွားရေး လုပ်ငန်းအသွယ်သွယ်၌ email, facebook, website အစရှိသည့် အင်တာနက်ပေါ်မှ လက်နက်မျိုးစုံဖြင့် တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ပြီးမြောက် အောင်မြင်နေကြတာပါ။ ထို့ကြောင့် ၎င်း၏ Future Proofဆိုသော စကားအရ Super Driveလို့ခေါ်တဲ့ CD/DVD ထည့်သွင်းအသုံးပြုလို့ရသည့် Drive မပါလာခြင်းဖြစ်မည်ဟုလည်း သုံးသပ်မိပါသည်။

အင်တာနက် ကော်နက်ရှင်ကြီးကို မြန်နှုန်းမြှင့်တင်ရန် ကြိုးစားဆဲဖြစ်သည့် မြန်မာနိုင်ငံအတွက်မှုကား ဤသို့ တမဟုန်ချင်း ပြောင်းလဲသည်ကို ကြုံဆိုကာ အလိုက်သင့် ပါသွားသင့်သော်လည်း လတ်တလော အချိန်တွင်တော့ အင်တာနက်မြန်နှုန်း မရရှိသူများအတွက် မ၀ယ်သင့်သေးသော MacBook အသစ် တစ်ခု ဖြစ်ပေလိမ့်မည်။ သို့ပေမယ့်လည်း Appမှ USBဖြင့် ချိတ်ဆက်လို့ရသည့် External Super Driveကို နေရာတကာ သယ်ဆောင်နိုင်သူများအဖို့တော့ Retina Display တစ်ခုနှင့်ပင် ၀ယ်ယူရ တန်ပြီ ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမှု Appleမှ (Innovation) နည်းပညာနှင့်ပတ်သက်၍ တီထွင်မှုအများစုကို ဦးဆောင်လေ့ရှိခဲ့သည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည့်အားလျော်စွာ Thunderbolt, Firewire, Mouse, Slot Drive အစရှိသည်တို့သည် Appleမှ နည်းပညာလောကကို မည်သူမှ မလုပ်ရဲသေးခင် ပမ်ဘာသို့ မိတ်ဆက်ပေးခဲ့ သည်များ ဖြစ်သည်။ ထို့ကြောင့် ၄င်းနည်းပညာရဲ့ အောင်မြင်မှု၊ လူသုံးများလာမှုများကို အကဲခတ်သုံးသပ်ရင်း CD/DVD မရှိတော့မည့် အနာဂတ်သို့ Appleမှ နည်းပညာလောကကို နောက််ထပ်တစ်ဖန် ဦးဆောင်ခေါ်ယူသွားပြန်သည်ဟု တင်ပြလိုက်ရသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *