News

တန်ဖိုးနည်း iPhoneများ ထုတ်လုပ်မည်ဟု တရုတ်သတင်းစာ တစ်ခုက ပြောကြား

ပလတ်စတစ်နဲ့ လုပ်ထားတဲ့ တန်ဖိုးနည်း iPhoneတွေ ထွက်မယ်ဆိုတဲ့ သတင်းကတော့ နေရာအတော် များများမှာ ကြားနေရပြီပဲ ဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံ သတင်းစာ တစ်စောင်က တန်ဖိုးနည်း ပလတ်စတစ် iPhoneတွေ ထွက်ပေါ်လာတော့မယ် ဖြစ်တယ်လို့ Apple ရဲ့ Supplier တစ်ဦးဖြစ်တဲ့ ထိုင်၀မ်အခြေစိုက် Pegatron စက်ရုံကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေချည်းပဲ ထွက်နေပြီး လက်တွေ့မှာ တန်ဖိုးနည်း iPhoneတွေ ဘာလို့ ထွက်မလာသေးတာလဲ ဆိုတာကတော့ စိတ်၀င်စားစရာပဲ ဖြစ်ပါတယ်။ အဆိုပါ Supplier စက်ရုံဖြစ်တဲ့ Pegatron မှာလည်း ပြဿနာ အနည်းငယ် ရှိနေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ် တစ်ခုကလည်း iPhone 5S ကိုတန်ဖိုးနည်းဖုန်း အဖြစ် ထုတ်လုပ်မယ်လို့ ဖော်ပြနေပြီး 1.7 GHz quad-core Snapdragon 600 Processor, 16GB storage နဲ့ အဖြူ၊ အစိမ်း၊ ပန်းရောင် သုံးမျိုး ထုတ်လုပ်မယ်လို့ ဖော်ပြလျက် ရှိပါတယ်။ တန်ဖိုးနည်း iPhone တွေကို ပလတ်စတစ်နဲ့ ထုတ်မယ် ဆိုပေမယ့် အရည်အသွေးမြင့် အကြမ်းခံ Coverတွေ ဖြစ်တယ် လို့လည်း ထုတ်ပြန် ထားပါတယ်။ ဒေါ်လာ နှစ်ရာခန့်ဖြင့် ရောင်းချမည်ဟုသိရှိရပြီး အဆိုပါ တန်ဖိုးနည်းဖုန်းများ ထုတ်လုပ်ရန် Pegatron စက်ရုံရှိ အလုပ်သမားများမှာ ငြီးငွေ့ဖွယ်ကောင်းသော အလုပ်ချိန်များ အပြင် အချိန်ပိုများပါ ဆင်းနေရကြောင်း သိရှိရပါတယ်။ iPhone ရဲ့ Category အသစ်တစ်ခု အနေနဲ့တော့ ပထမဆုံး တန်ဖိုးနည်းဖုန်းကို Apple ကုမ္ပဏီက မကြာမီ ဖြန့်ချိတော့မှာပဲ ဖြစ်ပါတယ်။

Ref: http://www.theverge.com/2013/7/29/4567694/low-priced-plastic-iphone-revealed-by-china-labor-watch-report

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *