News

ရန်ကုန်တွင် Nissan အရောင်းစင်တာ ဖွင့်မည်

nissan

ရန်ကုန်မြို့တွင် ယခုလကုန်၌ Nissan ကားအရောင်းစင်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း Nissan 3S Centerမှ သိရှိရသည်။ Nissan 3S Centerကို ကမာရွတ်မြို့နယ်ရှိ ပြည်လမ်းပေါ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး Nissan Brand New ကားများ ရောင်းချပေးမည် ဖြစ်သည်။ ဂျပန်ကား ကုမ္ပဏီတစ်ခုဖြစ်သော Nissanသည် GM, Volkswagon, Toyota, Hyundaiနှင့် Fordတို့ပြီးလျှင် ကမ္ဘာဆဋ္ဌမမြောက် အကြီးဆုံး ကားထုတ်လုပ်ရေး ကုမ္ပဏီအဖြစ် ရပ်တည်နေသည်။

Nissan ကုမ္ပဏီကို ၁၉၉၃ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကုမ္ပဏီရုံးချုပ်ကို ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့တွင် ဖွင့်လှစ်ထားကာ Carlos Ghosnက CEOအဖြစ် တာဝန်ယူ ထမ်းဆောင်နေသည်။ မြန်မာနိုင်ငံ ပြည်တွင်း ဈေးကွက်၌ လူကြိုက်များသည့် Nissan AD Van, Nissan TIIDA LATIOနှင့် Nissan Fairlady ကားအမျိုးအစားမှာ အရောင်းသွက်နေကြောင်း သိရပါသည်။

Ref: ပြည်သူ့ဆန္ဒဂျာနယ်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *