How-to

iPhone/iPad က Mail App Icon မှာ ပေါ်နေတဲ့ Number ကို ဖျောက်နည်း

iPhone/iPad က Mail App Icon မှာ ပေါ်နေတဲ့ Number တွေကို မြင်ရတာ စိတ်ညစ်စရာ ဖြစ်ပါတယ်။ အဲဒီ နံပါတ်တွေဟာ မဖတ်ရသေးတဲ့ အီးမေး အရေအတွက် ကိုဖော်ပြထားတာဖြစ်ပါတယ်။ Inbox ကို ရှင်းလင်းမှသာ အဲဒီနံပါတ်တွေပျောက်မှာဖြစ် ပါတယ်။ ဒီလိုရှင်းလင်းဖို့ Email App ကိုဖွင့်ပြီး အီးမေး တစ်ခုချင်းစီကို Mark as read အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရတာ အလုပ်တော်တော် ရှုပ်ပါတယ်။ အဲဒီအတွက် နောက်ထပ် နည်းတစ်ခုကို အသုံးပြုပါမယ်။

iDevice က Settings ကိုဖွင့်ပြီး Notification Center ကိုသွားပါ။ Mail App ကိုရှာပါ။

2

Mail App ထဲက Badge App Icon Setting ကို ရှာပြီး Off လုပ်ပေးပါ။ အောက်ကပုံမှာ ပြထားတာက On လုပ်ထားတာ ဖြစ်ပါတယ်။ Off လုပ်ပေးရပါမယ်။

3

အဲဒီ Settings Screen မှာ ပဲ Alerts တွေကို ပိတ်ထားလို့ရပါသေးတယ်။

အခြား App Icon တွေမှာလည်း နံပါတ်တွေပေါ်နေလို့ ဖျောက်ချင်ရင် ဒီနည်း သုံးနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *