News

LG G2 Mini လာမည်

LG က G2 Mini စမတ်ဖုန်း ရဲ့ ဓာတ်ပုံကို သူ့ရဲ့ Facebook Page မှာ ပြသလိုက်ပါတယ်။ ဓာတ်ပုံထဲမှာ G2 Mini ရဲ့ အနောက်ဘက် ကိုပြသထားပြီး Mini ရဲ့ ဘယ်ဘက်ဘေးမှာ LG G2 ကို ပြသထားပါတယ်။ LG G2 မှာ G2 ကို ရောင်းချခဲ့တဲ့ နေ့ရက် ဖြစ်တဲ့ 7 August 2013 ကို ပြသထားပါတယ်။ G2 Mini နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ဖော်ပြထားခြင်းမရှိပေမယ့် Mini ရဲ့ အနောက်ဘက် မျက်နှာပြင်မှာ Volume Control ပါရှိတာကိုတွေ့ရပါတယ်။ LG G2 Mini ကို ဒီလထဲမှာ ဘာစီလိုနာနိုင်ငံတွင် ပြုလုပ်မယ့် Mobile World Congress မှာ ထုတ်ဖော်ပြသမယ်လို့ အရိပ်အမြွက် ပြောကြားထားပါတယ်။

LG G2 Mini ရဲ့ သတင်းအချက်အလက်တွေကို Mobile World Congress မှာ LG က တရား၀င် ထုတ်ဖော်ပြောဆိုမှာဖြစ်ပါတယ်။ G2 Mini ဟာ HTC One Mini နဲ့ Samsung Galaxy S4 Mini တို့ကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ G2 Mini မှာ Android 4.4 KitKat ကို အသုံးပြုမှာဖြစ်ပါတယ်။ ၄.၃ လက်မ qHD Display တပ်ဆင်ထားပြီး 960×540 Pixel Resolution ပါရှိပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားမှာဖြစ်ပါတယ်။ 1.2 GHz Snapdragon 400 Processor နဲ့ 2GB RAM ပါရှိပါမယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “LG G2 Mini လာမည်

Leave a Reply

Your email address will not be published. Required fields are marked *