ကွန်ပြူတာတွေ ထွန်းကားလာတယ်ဆိုပေမယ့်လည်း ရုံးတိုင်းမှာ စာရွက်စာတမ်းတွေကိုတော့ အသုံးပြုနေရပါသေးတယ်။ iPad, iPhone တို့ကို ပရင်တာနဲ့ ချိတ်ဆက်ပြီး ပရင့်ထုတ်လို့ရသလို Wireless နည်းပညာနဲ့ ပရင့်ထုတ်လို့ရပါတယ်။ ဒီဆောင်းပါးမှာ Wireless နည်းပညာနဲ့ ပရင့်ထုတ်နည်းတွေကို ရေးပေးလိုက်ပါတယ်။
AirPrint
AirPrint က Apple ရဲ့ ကြိုးမဲ့ ပရင့်ထုတ်လုပ်ခြင်း စံနှုန်းတစ်ခုဖြစ်ပါတယ်။ Apple ရဲ့ iOS မှာ အဲဒီနည်းပညာ ပါရှိပါတယ်။ AirPrint ကို အသုံးပြုလို့ရတဲ့ ပရင်တာတွေနဲ့ iDevice တွေကို ကြိုးမဲ့ချိတ်ဆက်ပြီး ပရင့်ထုတ်နိုင်ပါတယ်။ AirPrint Printer တွေကို Amazon မှာ ဒေါ်လာခြောက်ဆယ်လောက်နဲ့ ၀ယ်ယူနိုင်ပါတယ်။ ပရင်တာနဲ့ iDevice ကို တူညီတဲ့ WiFi Network ထဲမှာ ချိတ်ဆက်ပြီးရင် iDevice က ပရင်တာကို အလိုလို သိရှိနေပါပြီ။ ဥပမာအားဖြင့် Safari Browser ကနေ Web Page တစ်ခုကို ပရင့်ထုတ်ချင်ရင် Print ကိုနှိပ်ပြီး AirPrint Printer ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။ အကောင့်ပြုလုပ်စရာမလိုသလို Driver တွေလည်း အင်စတောလုပ်စရာ မလိုတဲ့အတွက် အဆင်ပြေပါတယ်။
Google Cloud Print
Google Cloud Print က Google ရဲ့ ကြိုးမဲ့ ပရင့်ထုတ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ Google Account ကို အသုံးပြုရတာ ဖြစ်တဲ့အတွက် အနည်းငယ် အလုပ်ပိုပါတယ်။ ဒါပေမယ့် အကျိုးကျေးဇူး အနည်းငယ် ပိုရှိပါတယ်။ Google Cloud Print က AirPrint လို တူညီတဲ့ WiFi Network ထဲမှာ ရှိစရာ မလိုပါဘူး။ အင်တာနက်ကနေ ပရင့်ထုတ်တာ ဖြစ်ပါတယ်။ အဲဒီအတွက် သင် ဘယ်နေရာရောက်ရောက် သင့်ရဲ့ Google Cloud Printer တွေဆီ ပရင့်ထုတ်နိုင်ပါတယ်။ Google Cloud Print ကိုအသုံးပြုဖို့ iOS မှာ ရွေးချယ်စရာ သိပ်မရှိဘဲ Chrome Browser ကို အသုံးပြုမှသာ ပရင့်ထုတ်နိုင်မှာဖြစ်ပါတယ်။
Google Cloud Print ကို အသုံးပြုဖို့ ပရင်တာမှာ သင့် Google Account နဲ့ အရင် Setup လုပ်ရပါမယ်။ ပြီးရင်တော့ iDevice က Chrome Browser ရဲ့ Menu ကို နှိပ်ပါ။ Print ကိုနှိပ်ပြီး Google Cloud Print ကို ရွေးချယ်ပေးပါ။ ဒါဆိုရင် ပရင့်ထုတ်လို့ ရပါပြီ။ အခြား Documents တွေကို ပရင့်ထုတ်ဖို့အတွက် PrintCentral Pro ဆိုတဲ့ iOS App ကို အသုံးပြုနိုင်ပါတယ်။ PrintCentral Pro က Google Cloud Print နဲ့ အလုပ်လုပ်နိုင်ပါတယ်။
ပရင်တာ ထုတ်လုပ်သူများရဲ့ Apps
ပရင်တာ ထုတ်လုပ်သူများက သူတို့ ကိုယ်ပိုင် App တွေကို ပံ့ပိုးပေးထားပါတယ်။ သူတို့ ပရင်တာ ၀ယ်ယူသူတွေအတွက် iPad, iPhone, Android တွေကနေ အလွယ်တကူ ပရင့်ထုတ်နိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ AirPrint, Google Cloud Print တို့ကို Support မပေးတဲ့ Wireless Printer တစ်လုံးရှိရင် ပရင်တာထုတ်လုပ်သူရဲ့ App ကို အသုံးပြုနိုင်ပါတယ်။
App Store ကိုဖွင့်ပြီး ပရင်တာထုတ်လုပ်သူရဲ့ နာမည်နဲ့ ရှာဖွေပါ။ HP ePrint, Samsung Mobile Print, Canon Mobile Printing, Epson iPrint, Lexmark Mobile Printing စတဲ့ App တွေကို အသုံးပြုနိုင်ပါတယ်။ အဲဒါတွေက ပရင်တာထုတ်လုပ်သူ တွေရဲ့ တရား၀င် App တွေဖြစ်ပြီးအခြားသူတွေရဲ့ App တွေလည်း ရှိပါသေးတယ်။ အဲဒီ App တွေဟာ ယေဘုယျအားဖြင့် Web Pages, Photos, Documents နဲ့ အခြားဖိုင်တွေကို ဖွင့်ပေးနိုင်ပြီး ပရင့်ထုတ်ပေးနိုင်ပါတယ်။
iPad, iPhone စတဲ့ iDevice တွေကနေ Wireless နည်းပညာနဲ့ ပရင့်ထုတ်ချင်သူတွေအတွက် အပေါ်ကနည်းတွေကို အသုံးပြုနိုင်ပါတယ်။