Aero Shake သည် Desktop မှာရှိနေတဲ့ ဖွင့်သုံးနေသော Window များကို မောက်စ်ရဲ့ မြားဦးတင်ပြီး ဘယ်ညာဆွဲယူ လှုပ်ရှားခြင်းဖြင့် Tool bar (Title bar) သို့ Minimize လုပ်ပို့လိုက်ခြင်း ဖြစ်ပါတယ်။ Windows Vista နဲ့ XP မှာလို Display အပေါ် ညာဘက်ထောင့်က Minimize ခလုတ်ကို နှိပ်ပြီး Window တစ်ခုချင်း လုပ်စရာမလိုပါ။ ၄င်း Minimize လုပ်ထားတဲ့ Window များကိုလည်းမောက်စ်ကို ဘယ်ညာယမ်းပြီး လှုပ်ရှားခြင်းဖြင့် Desktop မှာ ပြန်ပေါ်စေပါတယ်။ ၄င်းလုပ်ဆောင်ချက်ကို Windows Vista နဲ့ XP မှာ သုံးချင်ရင် http://www.askvg.com/get-windows-7-aero-shake-feature-in-windows-xp-and-vista/ ဝက်ဘ်ဆိုက်ကတစ်ဆင့် Aero_Shake_1.3 ဖိုင်ကို Download ချ ရယူနိုင်ပါတယ်။ ဖိုင်အရွယ်အစား 202KB သာ ရှိပါတယ်။
Aero Shake

04
Feb