News

Ooredoo က ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်

ဖုန်းခေါ်ဆိုခနှုန်း တစ်မိနစ်လျှင် ၂၅ကျပ်နှင့် ဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ရ Ooredooကုမ္ပဏီမှ အကြီးတန်းဌာနေ ကိုယ်စားလှယ် Ross Cormack ကပြောကြားလိုက်သည်။ ယနေ့ နေပြည်တော် MICCတွင် ကျင်းပသော လန်ဒန်၊ အင်္ဂလန်ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနတို့မှ ပူးတွဲစီစဉ်ကျင်းပသော Myanmar Connect 2013တွင် ယင်းသို့ပြောခြင်းဖြစ်သည်။

”ဆင်းမ်ကတ်တွေကတော့ တစ်ကတ် ကျပ်၁၅ဝဝနဲ့ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခနှုန်း ကိုတော့ တစ်မိနစ် ၂၅ကျပ်နဲ့ဝန် ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။ ဆက်သွယ်ရေးက တင်ထားတဲ့ ဥပဒေထွက်လာရင် စတင်ပြီး ဈေးကွက်အတွင်း ဖြန့်ဖို့ ဆောင်ရွက် နေပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့သူတွေအားလုံး ဈေးသက် သက်သာသာနဲ့ လူတိုင်းစေ့နီးပါး အသုံးပြုနိုင်အောင် လုပ်ပေးမှာပါ”ဟု ယင်းက ပြောသည်။ ယနေ့ကျင်းပသော Myanmar Connect 2013 သည် MICT, MPT, PDT, Yatana-pon Teleport Company, Ooredoo နှင့် Telenor Myanmar တို့ကို ကမ်ဘာ့စီးပွားရေးစင်မြင့်ထက် တွင် ပေါင်းစည်းပေးသော ပထမဆုံးသော နိုင်ငံတကာအခမ်းအနားတစ်ခု ဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့အနေနဲ့လဲ ဖုန်းခေါ်ဆိုခနှုန်းတွေကို သူတို့ ပြောတဲ့ဈေးထက် ပိုပြီးသက်သာ သောဈေးနှုန်းနဲ့ ဆောင်ရွက်ပေး ဖို့ အစီအစဉ်ရှိပါတယ်”ဟု Yatanapon Telelportမှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များ မေးမြန်းမှုကို ဖြေကြား ခဲ့သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

10 thoughts on “Ooredoo က ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်

  1. အူရဒူးကစိမ်ခေါ်ပြီ တယ်လီနောနဲ့ MPT

  2. တယ်လီနော့ကိုအားပေးမယ်

  3. အလားကားပေးတောင်ယူဘူးကွာကုလားကြီ

  4. Ko Nyi says:

    စောက်ကုလားတွေဟာကို မလိုဘူး

  5. ကုလားတွေကို အားမပေးကြနဲ့

  6. greenrose says:

    ငါးဆယ်ပေးရင်ပေးရပါစေMPT ကဟာကို….အဲဒါပဲသုံးမယ်…ooredoo ကိုလုံးဝမသုံးဘူး

  7. သူများတွေလျော့နိင်တယ်ဆိုရင် ကို

  8. သူများတွေလျော့နိုင်တယ်ဆိုရင် ကိုယလူမျိုးအချင်းးတွေပိုလျော့နိုင်ရမှာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *