News

iPhone 5S, 5Cတို့ရဲ့ ဓာတ်ပုံများ

Appleအနေနဲ့ iPhone 5Sနဲ့ iPhone 5Cကို ယမန်နေ့ညက မိတ်ဆက်ပွဲထုတ် ခဲ့ပါတယ်။ အဆိုပါပွဲမှာ ထူးထူးခြားခြား စိတ်လှုပ်ရှားဖို့ ကောင်းလောက်အောင် Surpriseတွေတော့ မပါ၀င်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ အစောပိုင်းတည်းက ထွက်ရှိထားတဲ့ သတင်းတွေနဲ့ လက်တွေ့ပွဲထုတ်လာတဲ့ အချက်အလက်တွေနဲ့ မကွာခြားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာကြည့်ရှုနိုင်စေဖို့ iPhone 5Sနဲ့ iPhone 5Cတို့ရဲ့ ဓာတ်ပုံတွေကို တင်ဆက်ပေးလိုက် ပါတယ်။

အခု ပထမဦးဆုံး ပြထားတဲ့ ပုံကတော့ iPhone 5Sရဲ့ Home Buttonမှာ ထည့်သွင်း တပ်ဆင်ထားတဲ့ Finger Printနည်းပညာပဲ ဖြစ်ပါတယ်။

ဒါကတော့ iPhone 5Cရဲ့ ရှေ့ဖက်၊ နောက်ဖက် ပုံဖြစ်ပါတယ်။ အနက်ရောင် သုံးထားတာကို သတိထားမိနိုင်ပါတယ်။

အဆိုပါ iPhone 5Cကို ဒီလိုကာလာ ငါးမျိုးနဲ့ ထုတ်လုပ်သွားမှာပါ။

ဒါက iPhone 5Sရဲ့ ရှေ့ဖက်၊ နောက်ဖက် ပုံပါ။ မီးခိုးရောင်၊ အနက်ရောင်၊ ရွေှရောင်ဆိုပြီး ကာလာသုံးမျိုး ရှိပါတယ်။

အစောပိုင်းတည်းက အားလုံးမျှော်လင့်နေကြတဲ့ ရွေှရောင် iPhone 5Sဆိုတာ ဒါမျိုးပါပဲ။

ထပ်မံကြည့်ရှု လိုလျှင် iOS 7ကို အခုပဲ Updateလုပ်နိုင် ပါပြီ။

iPhone 5S, iPhone 5Cတို့နှင့် ပတ်သက်၍ သတင်းများ စုစည်းမှု

iOS 7ဆိုတာ…

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *