Mobile, News, Review

ဈေးနှုန်းသင့်တင့်စွာနဲ့ အရည်အသွေးမြင့် Dual Sim Smartphone အသုံးပြုလိုသူများအတွက် HTC Desire 626

ဈေးနှုန်း သင့်တင့် စွာနဲ့ အရည်အသွေးမြင့် Dual Sim Smartphone အသုံးပြုလိုသူ များ အတွက် hTC Desire 626

HTC Desire 626 ဟာ 2G/3G ကွန်ယက်များအားလုံးကို ချိတ်ဆက်နိုင်ပြီး GSM/WCDAM Simcard (၂) မျိုးထည့်သွင်း အသုံးပြုနိုင်တဲ့ Dual SIM Smartphone ဖြစ်ပါတယ်။ အလေးချိန် ၁၃၈ ဂရမ်သာရှိပြီး ချောမွေ့ပါးလွှာသော ကိုယ်ထည်နှင့် အသုံးပြုသူတိုင်းနှင့် လိုက်ဖက်မှုရှိစေမည့် အရောင်(၂) မျိုးစပ်ဒီဇိုင်းနှင့် ပုံဖော်ထားပါတယ်။တောက်ပသော ၅ လက်မ HD ဖန်သားပြင်နှင့်အတူ ၄င်း၏အကောင်းဆုံးသော အနေအထားဖြင့် ကြီးမားသော မြင်ကွင်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Video များကြည့်ခြင်း၊ Website များရှာဖွေ ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း၊ Facebook အသုံးပြုခြင်းများကို အသုံးပြုသူ စိတ်ကျေနပ်စေမှာဖြစ်ပါတယ်။ HTC Desire 626 တွင် အသုံးပြုထားသော 1.7 GHz မြန်နှုန်းရှိ Octa-Core Processor က အလုပ်များစွာ တစ်ပြိုင်နက်တည်း လုပ်ခြင်း၏ နည်းလမ်းအသစ်ကို တွေ့ကြုံခံစားစေမှာဖြစ်ပါတယ်။

၄င်းမြန်နှုန်းမြင့် နည်းပညာဖြင့် မိမိစိတ်ကြိုက်ဂိမ်းများကို အထစ်အငေါ့မရှိ ဆော့ကစားနိုင်ခြင်းနှင့် ချောမွေ့သော အင်တာနက် အသုံးပြုခြင်းများကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ မြန်နှုန်းမြင့် CPU ကို အထောက်အကူပြုရန်အတွက် RAM Memory 2 GB ပါဝင်ပြီး Data များသိမ်းဆည်းထားဖို့အတွက် Internal Storage 16 GB နှင့် 128 GB အထိတိုးချဲ့အသုံးပြုနိုင်မယ့် SD card Slot အပိုပါဝင်ပါတယ်။ 13 MP ပါရှိသော Main Camera နှင့် အတူ ရင်သပ်ရှုမောဖွယ် ဓါတ်ပုံများကို ရိုက်ယူနိုင်မှာဖြစ်သလို 5 MP ရှိ Selfie ကင်မရာဖြင့် လိုအပ်သောမြင်ကွင်းရှုထောင့်မျိုးစုံ နေရာယူပြီး ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် HD အရည်အသွေးမြင့် Video Camera နှင့် အတူ အမှတ်တရများအားလုံးကို သေးစိတ်သက်ဝင်စွာဖြင့် မှတ်တမ်းတင်ထားနိုင်ပါတယ်။ အခြား Android Smarse tphone များနှင့်မတူတဲ့ ခံစားမှုမျိုးရရှိနိုင်ဖို့ အတွက် HTC ရဲ့ Sense၊ မိမိရိုက်ကူးယူထားသော Photo၊ Video များကို ရက်စွဲ၊ ဖြစ်စဉ်ခေါင်းစဉ် နှင့် Tag လုပ်ထားခြင်းများဖြင့် အလွယ်တကူတနေရာတည်းတွင် ရှာဖွေအသုံးပြုနိုင်မည့် One Gallery စသည့် HTC ၏ ကိုယ်ပိုင်နည်းပညာများကို လည်းထည့်သွင်းပေးထားပါတယ်။ Official Warranty (၁၈) လ ပါဝင်ပြီး ဈေးနှုန်း ၂၅၉,ဝ၀ဝ ကျပ်ဖြင့် KMD မှ တရားဝင်အရောင်း ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အမြို့မြို့အနယ်နယ်ရှိ Mobile အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း 01- 381-129, 381-035, 245-180 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *