Cameras, Featured, Review

စမတ်ဖုန်းတွေကို အာရုံစိုက်နေမှုတွေကို လုယူမယ့် HTC Re Camera

စမတ်ဖုန်းတွေကို အာရုံစိုက်နေမှုတွေကို လုယူမယ့် HTC Re Camera

သင်ဘာကို မျှော်လင့်နေသလဲ စမတ်နာရီလား ?

ကိုယ်တိုင်ရိုက် ဓါတ်ပုံ Selfieများ ရိုက်ဖို့ အလွန်ကောင်းမွန်တဲ့ Desire Eye စမတ်ဖုန်းနဲ့ အတူ HTCက Re Cameraကို ကြေညာလိုက်ပြီး စမတ်ဖုန်း ထုတ်လုပ်သူ အဖြစ်ကနေ တစ်ဆင့်တက်လာပါပြီ။

ပယ်ရီစကုပ် ပုံသဏ္ဍာန် သေးငယ်တဲ့ ကင်မရာဖြစ်ပြီး စမတ်ဖုန်းမျက်နှာပြင်က ကြည့်ရှု ဓါတ်ပုံရိုက်ရတဲ့ နည်းလမ်းကို ရပ်တန့်ပေးနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းသုံးအနေနဲ့ မြင်ကွင်းကျယ် ၁၄၆ ဒီဂရီ ကြည့်နိုင်တဲ့ f2.8 Lensကို တပ်ဆင်ထားပြီး အဲဒီနောက်မှာ ½.3 inch အရွယ် 16 Megapixel CMOS Sensorတပ်ဆင်ထားပါတယ်။ Sensorဟာ စမတ်ဖုန်းအများစုမှာ တွေ့ရတာတွေထက် ကြီးပေမယ့် Point and Shoot Cameraနဲ့ POV/action camsအများစုအတွက် သင့်တင့်ပါတယ်။

Lensရဲ့ အောက်မှာ ကွေးကောက်သွားပြီး ဒေါင်လိုက် လက်ကိုင်လေးတစ်ခု ပါရှိပါတယ်။ စမတ်ဖုန်းတွေ ကိုင်ရိုက်တာနဲ့ မတူဘဲ တည်ငြိမ် မြဲမြံစွာ ကိုင်နိုင်မှာပါ။ လက်မကို ဓါတ်ပုံရိုက်တဲ့ နေရာမှာ အသုံးပြုရမှာ ဖြစ်ပြီး ကွေးထားတဲ့ နေရာမှာ အနည်းငယ်ကြီးတဲ့ ဓါတ်ပုံရိုက်တဲ့ ခလုတ်ပါရှိပါတယ်။

တစ်ချက်နှိပ်လိုက်ရင် 16 Megapixel Photoကို ရိုက်ပေးမှာပါ။ 16:9 Formatနဲ့ ရိုက်ချင်ရင် 12 Megapixelရရှိမှာပါ။ ခလုတ်ကို စက္ကန့် အနည်းငယ်ဖိထားရင် တစ်စက္ကန့်ကို သုံးဆယ် ဖရိမ်နှုန်းနဲ့ 1080p or 720p Videoများ ရိုက်ကူးပေးမှာပါ။ နောက်ထပ်ခလုတ်တစ်ခုပါရှိပြီး တစ်စက္ကန့့်ကို ၉၆ ဖရိမ်နှုန်းနဲ့ 720p Videoအနှေးဗီဒီယိုများ ရိုက်ကူးပေးနိုင်ပါတယ်။

ကင်မရာရဲ့ အကောင်းဆုံးတစ်ခုက ပါဝါခလုတ်မပါရှိတာပါ။

ကိုယ်ထယ်မှာ Sensorများ တပ်ဆင်ထားတာကြောင့် လက်နဲ့ ကိုင်လိုက်တာနဲ့ ပါဝါဖွင့်ပေးမှာ ဖြစ်ပါတယ်။ ဖုန်းထက် Reကင်မရာရဲ့ အကြီးဆုံး အားသာချက်တွေထဲက တစ်ခုပါပဲ။ ဖုန်းမှာလို Unlockလုပ်ရတာနဲ့ Camera Appဖွင့်ရတာ မရှိဘဲ ကင်မရာကို ကိုင်ပြီး ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။

ကင်မရာမှာ မျက်နှာပြင်တော့ မပါတဲ့အတွက် ဓါတ်ပုံရိုက်ကူးရာမှာ မကြည့်ရှုနိုင်ပါဘူး။ ဒါပေမယ့်လည်း ကင်မရာကို စမတ်ဖုန်းနဲ့ ကြိုးမဲ့ ချိတ်ဆက်ပြီး ဖုန်းကနေ ကြည့်နိုင်ပါတယ်။

ကင်မရာက စမတ်ဖုန်းနဲ့ Bluetooth, WiFiများနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Appကို iPhone, Androidအတွက် ဒီနှစ်နှောင်းပိုင်းမှာ ထုတ်လုပ်ပေးမှာပါ။ Appကို ဖွင့်လိုက်တာနဲ့ WiFiကနေ ဖုန်းနဲ့ ချိတ်ဆက်ပေးမှာပါ။ ချိတ်ဆက်ပြီးရင် ကင်မရာကို ထိန်းချုပ်နိုင်၊ ကြည့်နိုင်၊ ဓါတ်ပုံများ ပေးပို့နိုင်ပြီး Settingsများ ပြောင်းနိုင်ပါတယ်။ Appကနေ အချိန်အပိုင်းအခြား တစ်ခုမှာ ဓါတ်ပုံများစွာ ရိုက်ကူးပေးတဲ့ Time Lapse Modeကို အသုံးပြုနိုင်ပါတယ်။ အချိန်ဘယ်လောက်ကြာရင် ဓါတ်ပုံ ဘယ်လောက် ရိုက်ရမလဲဆိုတာ သတ်မှတ်နိုင်ပါတယ်။ ပြီးရင်တော့ ရုပ်ရှင် အဖြစ်ပြောင်းလဲနိုင်ပါတယ်။

ကင်မရာကို အသုံးမပြုချိန်မှာ ပါဝါသက်သာအောင် Bluetoothက တစ်ဆင့် ဖုန်းနဲ့ ချိတ်ဆက်ပေးမှာပါ။

Tripodနဲ့ ချိတ်ဆက်ဖို့အတွက် ကင်မရာအောက်ခြေမှာ အပေါက်ပါရှိပါတယ်။ ဒါပေမယ့် HTCရဲ့ ပြောရေးဆိုခွင့်ရှိသူက စတင်ထုတ်လုပ်ချိန်မှာ Tripodနဲ့ တွဲဖက်အသုံးပြုဖို့ များစွာ ပြုလုပ်ပေးထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ ကင်မရာကို စက်ဘီး လက်ကိုင်မှာ တပ်ဆင်နိုင်အောင်လည်း နောက်ပိုင်းမှာ ပြုလုပ်ပေးမှာပါ။

အောက်ခြေမှ Tripod Mountအပြင် သိမ်းဆည်းမှုအတွက် MicroSD Card Slotနဲ့ Micro USB Portကို တွေ့နိုင်ပါတယ်။ 8GB Cardပါရှိပေမယ့် ကင်မရာမှာ 128GB အထိထည့်နိုင်ပါတယ်။

htc-re-camera-14

HTCက Reကို အားကစားပွဲတွေအတွက် Action Cam အဖြစ် အသုံးပြုတာထက် Lifestyle Camလို့ ပြောပါတယ်။ ကင်မရာဟာ ရေစိုခံပြီး ရေအနက် ၃.၃ ပေအထိ မိနစ် သုံးဆယ် ယူဆောင်သွားနိုင်ပါတယ်။ အခြား ကာဗာအခွံတွေ မလိုပါဘူး။

ရေကူးကန်ထဲမှာ ရိုက်ဖို့ အဆင်ပြေစေပါတယ်။ Tripod Mountမှာ ရာဘာအဖုံးပါတဲ့အတွက် ရေနက်တဲ့အထိ ယူဆောင်သွားနိုင်ပါတယ်။

HTCရဲ့ အဆိုအရ ဘက်ထရီ သက်တမ်းမှာ 1080p Videoနဲ့ ဓါတ်ပုံတစ်ထောင်ရိုက်ကူးရင် တစ်နာရီခွဲ အသုံးခံပါတယ်။ ဒါဟာ ဝိုင်ဖိုင်ကို မသုံးရင် ဖြစ်ပါတယ်။ စိတ်ကူးကတော့ ဒီလိုပါ။ အိတ်ကပ်ထဲကနေ ကင်မရာကို ထုတ်ပြီး ဗီဒီယို အတိုလေးရိုက် ဒါမှမဟုတ် ဓါတ်ပုံအနည်းငယ်ရိုက်ပြီး လိုရာခရီးဆက်သွားဖို့ ဖြစ်ပါတယ်။

htc-re-camera-11

ကင်မရာကို အမေရိကန်မှာ အောက်တိုဘာလနှောင်းပိုင်း ဒါမှမဟုတ် နို၀င်ဘာလ၊ ဗြိတိန်မှာ နို၀င်ဘာလမှာ ရောင်းချပေးမှာပါ။ ဒေါ်လာ ၁၉၉ သတ်မှတ်ထားပြီး ဗြိတိန်မှာ စတာလင်ပေါင် ၁၆၀ ကနေ ၁၇၀ ရှိနိုင်ပါတယ်။ ဩစတြေးလျအတွက်တော့ ရောင်းမယ့်နေ့နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ အော်ဆီဒေါ်လာ ၂၂၆ လောက်ဖြစ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *