How-to

2-Step Verification အသုံးပြုပြီးသင့်အကောင့်တွေကို ကာကွယ်ပါ။

Internet က တစ်ချို့ Web Services တွေက 2-Step Verification ကို အသုံးပြုခွင့် ပေးထားပါတယ်။2-Step Verification ဆိုတာ သင့်အကောင့် တွေကို Password နှစ်ထပ်ဖြင့် ကာကွယ် ပေးထားတာ ဖြစ်လို့ သင့် အကောင့်ကိုလုံခြုံစေ ပါတယ်။သင့်အကောင့်ကို Login ၀င်ရင် ပထမအဆင့်အနေနဲ့  Username , Password ကို အရင် အသုံးပြုနေကျ အတိုင်း ထည့်ပေးရမှာပါ။

ဒုတိယ အဆင့်အနေနဲ့ Web Servicesတွေက သင့်ဖုန်းကို ပေးပို့တဲ့ One-Time Code ကို ထည့်ပေးရမှာပါ။ Code ပို့တာကို မစောင့်ချင်ရင် Google Authenticator Application ကို သင့်ဖုန်းမှာ အင်စတာလုပ်ပြီး သုံးနိုင်ပါတယ်။ Google Authenticator Application ကို Android,IOS,Blackberry စတဲ့ Devices တွေ မှာသုံးနိုင်ပါတယ်။

အဲဒီအတွက် အကောင့်ကတော့ လုံခြုံပါတယ်။ Password တွေ နှစ်ခါရိုက်ထည့်ရတာ အလုပ်မရှုပ်ဘူးလားလို့ မေးချင်သူတွေ အတွက် အဖြေကတော့ အလုပ်မရှုပ်ပါဘူး။ သင့် Devices တွေကို Trusted Devices အနေနဲ့ သတ်မှတ်ထားရင် ဒုတိယ Code ကိုထည့်ပေးစရာ မလို ပါဘူး။ တစ်ခြား Devices တွေကနေ သင့်အကောင့်ကို Login ၀င်မှသာဒုတိယ Code ကို ထည့်ပေးရမှာပါ။ အဲဒီအတွက် တစ်ခြားသူတွေ သင့်အကောင့်ရဲ့  Username, Password ကို သိသည့်တိုင် သင့် ဖုန်းသူ့မှာ မရှိတဲ့အတွက် သင့်အကောင့်ကို သူတို့၀င်လို့ မရတော့ပါဘူး။အောက်မှာတော့ 2-Step Verification ကို အသုံးပြုခွင့်ပေးတဲ့ Web Services တွေကို ဖော်ပြလိုက်ပါတယ်။

Google
Internet Giant ကြီး Google သူ ့Service အသုံးပြုသူတွေ ကို 2-Step Verification ဖြင့် လုံခြုံအောင်ကာကွယ်ပေးထားပါတယ်။ Google Authenticator Application နဲ့ တွဲဖက် သုံးနိုင်ပါတယ်။

Facebook
Facebook ရဲ့ 2-Step Verification ကတော့ Login Approvals ဖြစ်ပါတယ်။ဒါပေမယ့် မြန်မာပြည်က ဖုန်းတွေကို Facebook ကလက်မခံတဲ့အတွက် ဒီ Feature ကို သုံးလို့ မရပါဘူး။

LastPass
နာမည်ကြီး Password Manager ဖြစ်တဲ့ LastPass ကလည်း 2-Step Verification ကို အသုံးပြုခွင့်ပေးထားပါတယ်။Premium Subscriber တွေအနေနဲ့ 2-Step Verification အပြင်တစ်ခြား Security Features တွေ ထပ်ပြီး ရှိပါသေးတယ်။

Dropbox & SpiderOak
Cloud Storage Services နှစ်ခုဖြစ်တဲ့ Dropbox , SpiderOak ကလည်း 2-Step Verification ကို အသုံးပြုခွင့်ပေးထားပါတယ်။Dropbox မှာ 2-Step Verification အသုံးပြုမယ် ဆိုရင်တော့ Google Authenticator Application နဲ ့တွဲဖက်သုံးရမှာပါ။ တစ်ခြား Services တွေကတော့ Optional ဖြစ်ပြီး Google Authenticator Application ကို မသုံးလည်း ရပါတယ်။

Microsoft
Hotmail,Xbox,SkyDrive စတာတွေအားလုံးကို အသုံးပြုလို ့ရတဲ့ Microsoft အကောင့်ကို 2-Step Verification နဲ့ ကာကွယ် ထားနိုင်ပါတယ်။Google Authenticator Application နဲ့ တွဲဖက်သုံးနိုင်ပါတယ်။

Yahoo ! Mail
Yahoo ကတော့ Mail Service တစ်ခုထဲကို သာ 2-Step Verification အသုံးပြုခွင့်ပေးထားပါတယ်။ သင့်ဖုန်းကို ပေးပို့တဲ့ Second Code ကို ထည့်ပေးရမယ့်အပြင် Security Question ကို ပါ ဖြေပေးရမှာပါ။

Amazon Web Services (AWS)
AWS services တွေ မှာ Google Authenticator Application Or AWS Virtual MFA Application ကို အသုံးပြုပြီး Multi-Factor Authentication ပြုလုပ်နိုင်ပါတယ်။Consumer’s Amazon account တွေမှာတော့ အသုံးပြုလို့မရပါ။

Battle.net & MMORPGs
Multiplayer Online Game ၀က်ဆိုက် နှစ်ခုကလည်း 2-Factor Authentication ကိုအသုံးပြုခွင့်ပေးထားပါတယ်။Battle.net အတွက် Battle.net Authenticator Application ကိုသုံးနိုင်ပါတယ်။

Google Authenticator Application အလုပ်လုပ်ပုံ။
2-Step Verification အသုံးပြုသူတွေကို Google Authenticator Application ကို အသုံးပြုဖို ့အကြံပေးပါတယ်။Google Server တွေအလုပ်များနေတဲ့အချိန်တွေ မှာဆို သင့်ဖုန်းဆီ ကို Second Code ၀င်မလာ နိုင်လို့ပါ။Google Authenticator Application ကို အင်စတောလုပ်ပြီးတာနဲ့ Code တွေကို Generate လုပ်နေတာ သင်တွေ့ရမှာပါ။ အဲဒီ ကုတ်တွေဟာ Second 30 ခြား တစ်ခါပြောင်းနေမှာဖြစ်ပြီး Second 30 အချိန်အတွင်းမှာ အဲဒီကုတ်တွေကို ကွန်ပြူတာမှာ ရိုက်ထည့်ပေးရမှာပါ။ အဲဒီကုတ်တွေဟာ Google ကပို့ပေးတဲ့ ကုတ်တွေလဲ မဟုတ်ပါဘူး။

Google နဲ့ သင့်ဖုန်း အကြားမှာ connection လည်းမရှိဘဲနဲ့ Google ကသင်ရိုက်ထည့်တဲ့ ကုတ်တွေဟာ သင့်ဖုန်းက Generate လုပ်လိုက်တဲ့ ကုတ်တွေ ဆိုတာ ဘာနဲ့ တိုက်ဆိုင် စစ်ဆေးမှာလဲ?  ဒီလို ပါ။ သင့်ဖုန်းကနေ Barcode ကို Scan လုပ်ပြီးတာနဲ့ သင့်ဖုန်းက Google Authenticator Application ရဲ့ အမွှာ Google Authenticator Application တစ်ခု Google Server မှာလည်း Run နေပါပြီ။ဒီအမွှာ Application နှစ်ခုဟာ တစ်ချိန်တည်း မွေးဖွားလာသလို တစ်ထပ်တည်းတူတဲ့ ကုတ်တွေကို Second 30 ခြား အချိန်အတူတူမှာ ထုတ်နေတာကြောင့် သင့်ရိုက်ထည့်တဲ့ ကုတ်တွေဟာ သင့်ဖုန်းက ဟုတ်မဟုတ်ဆိုတာ Google ကသိနေတာပါ။

 

Reference : http://www.howtogeek.com/130844/secure-yourself-by-using-two-step-verification-on-these-16-web-services/

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

3 thoughts on “2-Step Verification အသုံးပြုပြီးသင့်အကောင့်တွေကို ကာကွယ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *