Apps, Mobile, News, Review

HTC SENSE 6

HTC-SENSE-6

hTC Sense ဆိုတာဘာလဲ ?

hTC Senseဆိုတာ hTC Smartphone တွေမှာ Built-in ပါဝင်ပြီးသား System-Software တစ်ခုဖြစ်ပါတယ်။ hTC Smart Phoneကို အသုံးပြုသူများအတွက် အခြား Android Smartphone တွေနဲ့မတူပဲ တစ်မူထူးခြားတဲ့ အတွေ့အကြုံအသစ် (Graphic User Interface, 3D TouchFLO, Additional Widgets, Application Icon Design) တွေကို ပြောင်းလဲပေးစွမ်းထားပါတယ်။ ပထမဆုံးhTC Sense ပါတဲ့ hTC Hero ကနေစပြီး နောက်ပိုင်းhTC Smartphone တိုင်းမှာhTC Sense ကို ထည့်သွင်းပေးလာတာ အခုဆိုရင် Sense Version အမျိုးမျိုးပြောင်းလဲလာရာမှ ယခုအခါ Sense 6 သို့ရောက်ရှိလာပြီ ဖြစ်ပါတယ်။

hTC Sense 6

hTC One M8 မှာပါဝင်တဲ့ hTC Sense 6ဟာ One M8ရဲ့စွမ်းဆောင်ရည်နဲ့ Design အရည်သွေးကို မြင့်တင်ပေးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

ပိုမိုရိုးရှင်းသပ်ရပ်တဲ့ အမြင်

အရင်နှစ်က hTC Oneရဲ့ Sense 5 နဲ့ Samsung ရဲ့ TouchWiz နှစ်မျိုးမှာ လူတွေကhTC one Sense 5 ကို ပိုမိုသဘောကျခဲ့ရခြင်းအကြောင်းမှာ hTC Sense ရဲ့ ရိုးရှင်းတဲ့ အသွင်အပြင်ကြောင့်ပါပဲ။ ယခု Sense 6 ဟာ Sense 5 ထက်ပိုမိုပြီး သဘာဝကျ ရိုးရှင်းတဲ့အသွင်အပြင်ကို နောက်ထပ်တက်လှမ်းလာပါတယ်။ ပြောရမယ်ဆိုရင်တော့ Application Screens UI, App Menu/Home မှာရှိတဲ့ Button တွေဟာ အသုံးပြုသူတွေအတွက် ပိုပြီးအဆင်ပြေစေမယ့် အသွင်သို့ပြောင်းလဲသွားတာကို မြင်တွေ့ရပါတယ်။

HTC-SENSE-6-1

Via HTC Concept Store

HTC-SENSE-6-2

Via HTC Concept Store

Video ရိုက်နေရင်း Pause လုပ်နိုင်ခြင်း

hTC Sense 6 မှာ Phone ဖြင့် Video ရိုက်ကူးနေရင်း Puaseလုပ်နိုင်တဲ့အပြင် မတူညီတဲ့ ရိုက်ကွက်တွေ တစ်ခုနဲ့တစ်ခုကို Video Editing မလိုအပ်ပဲ အလွယ်တကူ ဆက်ပေးနိုင်ပါတယ်။ ဓါတ်ပုံတွေ Video တွေကို ပေါင်းစပ်ပြီး hTC’s Zoe video highlight နည်းပညာရဲ့ သိသာတဲ့ တိုးတက်လာမှုတစ်ခုပါပဲ။
ရိုက်ကူးလျက်ရှိနေတဲ့ Videoကို Pause လုပ်ပြီးတဲ့ Sense6 ရဲ့တိုးတက်မှုဟာ တကယ်ကိုအသုံးဝင်ပါတယ်။

Sense 6 ရှိတဲ့ hTC Smartphone Cameraနဲ့ Videoရိုက်ကူးနေရင်း Play/Stop ခလုတ်ဘေးမှာ Pause ခလုတ်လေးပါဝင်ပြီး နှိပ်လိုက်လျှင် Video File နောက်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားခြင်းမရှိဘဲ လက်ရှိရိုက်နေတဲ့ တူညီတဲ့ Video File မှာပဲ ဆက်လက် ရိုက်ကူးသွားနိုင်ပါတယ်။ အခြားဘယ် Smartphone မှာမှ ဒီလို Feature မျိုး ပါဝင်မှုမရှိသေးဘူးဆိုတာ တွေ့နိုင်ပါတယ်။

New Colour Themes

အားလုံးနှစ်သက်ကြတဲ့ hTC One မှာပါဝင်တဲ့ Sense 5 ရဲ့ အသွင်မျိုးဖြင့် ပိုပြီးအရောင်သွေးပြည့်ဝစုံလင်ပြီး မြင်သူအတွက် စိတ်ချမ်းသာမှုပေးစွမ်းနိုင်တဲ့ ပုံစံဖြစ်အောင် hTC မှ Sense 6 ကိုပြုလုပ်ထားပါတယ်။ ရိုးရှင်းပေမယ့် အရောင်သွေးစုံလင်တဲ့ Complementary colour tones နဲ့ Scheme ကို အသုံးပြုထားတာကို တွေ့ရမှာဖြစ်ပါတယ်။ Icon တွေကိုကြည့်မယ်ဆိုရင် များများစားစား ပြောင်းလဲမှုတော့မရှိပေမယ့် ပိုပြီးပီပြင်ထောင့်ချိုးလှပတဲ့ Icon Design ကိုသုံးစွဲထားပြီး, BlinkFeedမှာဆိုလဲ အသုံးပြုသူစိတ်ကြိုက် အရောင်ရွေးချယ်နိုင်ခွင့် ရရှိနိုင်ကြောင်းသိရပါတယ်။

HTC-SENSE-6

Via HTC Concept Store

အရင်ကhTCBlinkFeed က Update Feed တွေကို ရွေးချယ်ရာမှာ Pages တွေနဲ့ စီရီထားပေမယ့် အခု Sense 6ရဲ့ Blink Feedမှာတော့ News Feedတွေရဲ့ Update တွေကို အဆက်မပြတ် ရွေ့လျားခြင်း (Continuous Scroll of Updates) အနေဖြင့် ဖော်ပြထားတဲ့အတွက်ကြောင့် နောက်ဆုံး Update News အထိကို အမြန်ရှာဖွေ ကြည့်ရှုနိုင်စွမ်းရှိအောင် ပြုလုပ်ထားပေးပါတယ်။

အသစ်သောပုံစံနဲ့ Sense TV App

Sense TV Appကို အသုံးပြုသူများအတွက်တော့ သတင်းကောင်းပါ။ hTCဟာ Sense TV app အသုံးပြုသူတွေအတွက်ကို အသစ်သောDesingနဲ့အတူ အသုံးပြုရလွယ်ကူတဲ့ မျက်နှာပြင်ပုံစံနဲ့ Sense TV app ကိုပြောင်းလဲလိုက်ပါတယ်။

Sense 6 Gallery ရဲ့ Feature များ

ယခု Sense 6 Gallery မှာဆိုရင် ဓါတ်ပုံတွေကိုပိုပြီး တိကျထင်သာတဲ့ Timeline ပုံစံမျိုးဖြင့် ဖော်ပြပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့ Facebook Face Detection နည်းပညာပုံစံမျိုးဖြင့် Gallery ထဲမှာရှိတဲ့ ကိုယ်လိုချင်တဲ့သူရဲ့ ဓါတ်ပုံကို အလွယ်တကူရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
hTC Sense 6 ကို ယခုနောက်ထွက် hTC Smartphone One M8 နှင့် Desire 816 တွင် ပါဝင်ပြီးသားဖြစ်ပြီး hTC One နှင့် One Max တွင် Update မြှင့်နိုင်ပြီဖြစ်ကြောင်း၊ Software Update ကို တိုက်ရိုက် Download လုပ်ပြီး Update လုပ်နိုင်သလို Manually လဲပြုလုပ်နိုင်ပါတယ်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက hTC Concept Store ( ပန်းဆိုးတန်း KMD, အမှတ် (၁၇၄-၁၈၂)၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့) ဖုန်း_ ဝ၁-၃၈၁၁၂၉၊ ၃၈၁၀၉၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *