Mobile, News, Review

HTC Desire 526G+

hTC Desire 526G+

HTC Desire 526G+ ကတော့ 3G နှင့် 2G Network (၂) မျိုးလုံးကို ချိန်ဆက်အသုံးပြုနိုင်ပြီး GSM/WCDMA Simcard (၂) ခု တပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်သော HTC Desire ရဲ့ မျိုးဆက်သစ် Dual Sim Smartphone ပဲဖြစ်ပါတယ်။ အရွယ်အစားကြီးမားသော ဖုန်းအမျိုးအစား မဟုတ်ပေမယ့် Screen Size ၄.၇ လက်မ  ကြည်လင်တောက်ပတဲ့ ရုပ်ပုံများကို အပြည့်အဝကြည့်ရှု အသုံးပြုနိုင်ဖို့အတွက် ရွေးချယ်နိုင်ပါတယ်။ 1.3 GHz မြန်နှုန်းမြင့် Quad Core CPU နှင့် ဖုန်းမှတ်ညဏ် 1 GB RAM ပါဝင်ပါတယ်။ Application, Game များ၊ Photo, Video များနှင့် အခြားအချက်အလက်များကို သွင်းယူသိမ်းဆည်းထားရန်အတွက် Internal Storage 8 GB နှင့် အတူ သိုလှောင်မှုပမာဏကိုထပ်မံ 32GB အထိ ထပ်မံတိုးချဲ့နိုင့်မယ့် SDcard Slot ပါဝင်ပါတယ်။ ဖုန်းအဓိက Camera မှာ 8 MP ရှိပြီး 1080pixel ရှိ HD Video များကို ရိုက်ကူးနိုင်မှာဖြစ်သလို 2MP ရှိ Selfie camera နှင့် အတူ 720 pixel ရှိ HD Video များကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဖုန်းကို Android Version 4.4.2 ( Kitkat ) Operating System နှင့် အသုံးပြုထားပါပြီး HTC ရဲ့ Feature များဖြစ်တဲ့ HTC Sense, Blink Feed, HTC Zoe စတဲ့ HTC ရဲ့ Feature များကို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Warranty (၁၈) လ ပါဝင်တဲ့ HTC Desire 526G+ ကို ဈေးနှုန်း USD140 ဖြင့် KMD မှ တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *