News

HTC One နဲ့ Galaxy S4 က Androidမှာ အကောင်းဆုံး

Google ရဲ့ Open Source ဖြစ်တဲ့ Android OSကို အသုံးပြုမောင်းနှင်တဲ့ Smart Phone တွေထဲမှာ HTC One နဲ့ Samsung Galaxy S4က အကောင်းဆုံးပါပဲတဲ့။ အဆိုပါ ဖုန်းနှစ်လုံးဟာ Hardware ပိုင်းနဲ့ ဒီဇိုင်းပိုင်းမှာ ဆင်တူပါတယ်။HTC Oneက ၅၉၉ဒေါ်လာ ဖြစ်ပြီးတော့ Galaxy S4ကတော့ ၆၄၉ဒေါ်လာနဲ့ ရောင်းချလျက် ရှိပါတယ်။ အရင်တုန်းကတော့ HTC နဲ့ Samsung ကထုတ်တဲ့ ဖုန်းတွေဟာ Software အသစ်တွေ Update လုပ်တဲ့နေရာမှာ နှေးကွေးတယ်လို့ ပြောခံရပါတယ်။ Officialမဟုတ်တဲ့ Appတွေလည်း သွင်းဖို့ အဆင်မပြေ ပါဘူး။ အဲဒီတော့ Appတွေ အစုံသုံးလို့ မရဘူးပေါ့ဗျာ။ အခုတော့ Googleကိုယ်တိုင်က သူ့ရဲ့ Android OSကို သုံးတဲ့ ဖုန်းတွေထဲမှာ HTC Oneနဲ့ Samsung Galaxy S4ဖုန်းတွေဟာ အကောင်းဆုံးပါပဲတဲ့။

HTC Oneမှာလည်း Miniဆိုပြီးရှိသလို Samsung Galaxy S4မှာလည်း S4 mini, S4 Active, S4 Zoom စသဖြင့် မော်ဒယ်တွေ ရှိပါတယ်။ ဒါ့အပြင် ဒီဖုန်းတွေဟာ သင်ဘယ်နိုင်ငံ၊ ဘယ်နေရာကို ရောက်ရောက် ဒေသအလိုက် အသုံးပြုတဲ့ SIM Cardတွေနဲ့ အံ၀င်ခွင်ကျ ဖြစ်စေမှာပါ။ အမေရိကားမှာတော့ T-Mobile နဲ့ AT&T Networkတွေမှာသာ အဆိုပါ ဖုန်းတွေဟာ အလုပ်လုပ်တယ်လို့ သိရပါတယ်။ ဖုန်းနှစ်လုံး ယှဉ်ရင်တော့ HTC Oneဟာ ပိုမိုလှပပြီး ဈေးလည်း သက်သာတဲ့အတွက် ၀ယ်ယူသင့်တယ်လို့ သတင်းရင်းမြစ် တစ်ခုက အကြုံပြု ထားပါတယ်။ တကယ်တမ်းကတော့ ဖုန်းနှစ်လုံးက အရမ်းကောင်းပါတယ်။ ထူးထူးခြားခြား ကွာဟချက်လည်း မရှိပါဘူး။ ဒါပေမယ့်လည်း Galaxy S4ဟာ အတွင်းပိုင်း Specificationsဖွဲ့စည်းပုံ ကောင်းပြီး Screenလည်း HTCထက် အနည်းငယ် ပိုကြီးပါတယ်။ ပြီးတော့ Samsung ပရိသတ်ဟာ HTC ပရိသတ်ထက် ပိုများပါတယ်။ အိုင်စီတီ ပရိသတ်ကြီးကော Android OSမှာ အကောင်းဆုံးလို့ဆိုတဲ့ HTC One နဲ့ Samsung Galaxy S4ဘယ်ဟာကို ရွေးချက်မှာပါလဲ ?

Ref: http://www.businessinsider.com/htc-one-galaxy-s4-google-edition-review-2013-7

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *