Featured, News

Autismစိတ်ဝေဒနာခံစားနေရတဲ့ ကလေးငယ်များအတွက် ရည်ရွယ်ထားတဲ့ Look at Me Appကို Samsungဖြန့်ချီ

Autismဆိုတာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကို ဟန့်တားတဲ့ စိတ်ဝေဒနာတစ်ခုပါ။ ကမ္ဘာတစ်၀န်းလုံးမှာ အဲဒီရောဂါခံစားနေရတဲ့ ဝေဒနာရှင် သန်းခြောက်ဆယ်ကျော်ရှိပြီး Samsungက ဒီရောဂါကို ကူညီပေးချင်နေပါတယ်။ ကုမ္ပဏီက Autism ဝေဒနာရှင်ကလေးငယ်တွေကို အထူးသဖြင့် မျက်လုံးနဲ့ ဆက်သွယ်ရေး အပါအ၀င် လူမှုပေါင်းသင်းဆက်ဆံရေး စွမ်းရည်တွေကို တိုးတက်လာစေဖို့ ရည်ရွယ်ထားတဲ့ Look At Meဆိုတဲ့ Appအသစ်ကို ဖြန့်ချီပေးလိုက်ပါတယ်။

Appဟာ တကယ်တော့ ဂိမ်းခုနစ်ခုပါတဲ့ စီးရီးတစ်ခုပါ။ Eye Contactကို ဖတ်ရှုတာ၊ မျက်နှာ အမူအရာကို မှတ်မိတာနဲ့ စိတ်ခံစားမှုတွေကို ဖော်ပြတာတို့ ဖြစ်ပါတယ်။ Samsungက Appကို ဖန်တီးဖို့ ဆိုးလ်ရှိ တက္ကသိုလ်နှစ်ခုနဲ့ ပူးပေါင်းခဲ့တာပါ။ အခုလောလောဆယ်မှာတော့ စမ်းသပ်မှုအဆင့်သာ ရှိသေးပေမယ့် Appဟာ ရလဒ်ကောင်းတွေကို ထုတ်လုပ်ပေးနိုင်မယ့် ပုံပေါ်ပါတယ်။ ကလေးနှစ်ဆယ်ဟာ တစ်ရက်ကို ၁၅ မိနစ်နှုန်းနဲ့ ရှစ်ပတ်ကြာ Appကို အသုံးပြုခဲ့ပါတယ်။ ရလဒ်ကတော့ စမ်းသပ်ခဲ့တဲ့ ကလေး ခြောက်ဆယ်ရာခိုင်နှုန်းဟာ မျက်စိဆက်သွယ်မှုနဲ့ မျက်နှာအမူအရာတွေကို မှတ်မိတဲ့ စွမ်းရည်တွေ တိုးတက်လာပါတယ်။

Look at Meကို Google Play Storeမှာ အခမဲ့ ရယူနိုင်ပေမယ့် Samsung Deviceတစ်ခုလိုအပ်ပါတယ်။ Appကို သုံလို့ရတဲ့ Deviceတွေကတော့ Samsung Galaxy S5, S4, S3, Note 4, Note 3, Note 2, Galaxy Tab S, the Zoom, and Zoom 2 တို့ ဖြစ်ပါတယ်။ Autism ကလေးငယ်တွေ သင့်ပတ်၀န်းကျင်မှာ ရှိနေရင်တော့ Look at Me Appကို အသုံပြုနိုင်အောင် ကူညီပေးဖို့ ဒီသတင်းကနေ ဖော်ပြလိုက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *