Featured, Gadgets, News, Review

Samsungက မျိုးဆက်သစ် စမတ်နေအိမ် ၀န်ဆောင်မှုနဲ့ နေအိမ်လုံခြုံရေး ၀န်ဆောင်မှုကို ကြေညာ

Samsungက မျိုးဆက်သစ် စမတ်နေအိမ် ၀န်ဆောင်မှုနဲ့ နေအိမ်လုံခြုံရေး ၀န်ဆောင်မှုကို ကြေညာ

Samsungက မကြာမီက SmartThingsကို ၀ယ်ယူခဲ့တဲ့ အကြောင်းအရင်းကို သိဖို့ သိပ်မကြာတော့ပါဘူး။ Samsungက အခုပဲ SmartThing၀န်ဆောင်မှု ဗားရှင်းအသစ်ကို ကြေညာလိုက်ပါပြီ။ ဗားရှင်းအသစ်မှာ သင့်အိမ် အသုံးအဆောင် ပစ္စည်းများကို အလိုအလျှောက် အလုပ်တွေ ခိုင်းစေနိင်မှာ ဖြစ်ပြီး ပိုမိုမြန်ဆန်တဲ့ အပြင် အခြား Deviceတွေက Appတွေကို မောင်းနှင်စရာ မလိုဘဲ သူ့ ကိရိယာထဲကနေ Appsတွေကို မောင်းနှင်နိုင်မှာပါ။ ဘက်ထရီ အပိုနဲ့ ဆယ်လူလာဒေတာ ရွေးချယ်မှု ပိုမိုစုံလင်လာတဲ့ အတွက် လျှပ်စစ်ပြတ်တောက်မှုကြောင့် သင့်အိမ်ရဲ့ မီးအလင်းပေးစနစ်နဲ့ လုံခြုံရေးစနစ်တွေ အလုပ်လုပ်မှု ရပ်ဆိုင်းမှာ မဟုတ်တော့ပါဘူး။

SmartThingsကို အခမဲ့ အသုံးပြုလို့မရဘဲ SmartThings Premiumလို့ ခေါ်တဲ့ နေအိမ်စောင့်ကြည့်ရေး ၀န်ဆောင်မှုအဖြစ် အခပေး အသုံးပြုရမှာပါ။ အဲဒီ၀န်ဆောင်မှုက သင့်ရဲ့ စမတ်နေအိမ် ပြဿနာတစ်ခုကို ရင်ဆိုင်ရရင် လူအချို့ကို ဖုန်းခေါ်ပေး ၊ စာပို့ပေးနိုင်ပါတယ်။ ဥပမာ အနေနဲ့ ရေကြီးတဲ့အခါမှာ အိမ်နီးနားချင်းတွေကို ဆက်သွယ်နိုင်အောင် သင်က အဝေးကနေ ခိုင်းစေနိုင်ပါတယ်။ စနစ်က နေအိမ်ကို ကျူးကျော်၀င်ရောက်လာသူတွေရဲ့ အထောက်အထားတွေကို ပံ့ပိုးပေးဖို့ အင်တာနက် ချိတ်ဆက်ထားတဲ့ ကင်မရာတွေက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို သိမ်းဆည်းပေးနိုင်ပါတယ်။ Samsungက ၀န်ဆောင်မှုရဲ့ တန်ကြေးကို မကြေညာပေမယ့် ဧပြီလမှာ မြောက်အမေရိကမှာ ၀န်ဆောင်မှုနှစ်ခုစလုံးကို အသုံးပြုနိုင်တော့မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *