Featured, News, Review

Samsungက တီထွင်ဆန်းသစ်နိုင်မှုကို ပြန်လည် သတိပေးလိုက်ပေမယ့် ဒါဟာ လုံလောက်ရဲ့လား

Samsungက တီထွင်ဆန်းသစ်နိုင်မှုကို ပြန်လည် သတိပေးလိုက်ပေမယ့် ဒါဟာ လုံလောက်ရဲ့လား

မကြာခင်နှစ်များအတွင်းမှာ Samsungက ကမ္ဘာ့စမတ်ဖုန်းရောင်းအားကို ဦးဆောင်သူ ဖြစ်လာပြီး Androidရဲ့ ဘုရင်တစ်ဆူ ဖြစ်လာပါတယ်။ Appleရဲ့ အောင်မြင်မှုနဲ့ အမြတ်ငွေကို ယှဉ်နို်တဲ့ တစ်ခုတည်းသော Android ထုတ်လုပ်သူ ဖြစ်လာတာပါ။

ဒါပေမယ့် Samsungရဲ့ စမတ်ဖုန်းရောင်းအားဟာ ပြီးခဲ့တဲ့ ကွာတားမှာ ကျဆင်းခဲ့ပါတယ်။ နောက်ပြီး စမတ်ဖုန်းဈေးကွက်ဟာ စားသုံးသူတွေကို စိတ်လှုပ်ရှားစေမယ့် တီထွင်မှုမျိုးကို မထုတ်လုပ်နိုင်ခဲ့ပါဘူး။

အဲဒီအချိန်မှာပဲ Samsungရဲ့ မဟာပြိုင်ဖက် Appleက နောက်တစ်ပတ်ထဲမှာ သူ့ရုံးချုပ်တည်ရှိတဲ့ Cupertino , Califမှာ အထူးပွဲတစ်ခု ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ Appleဟာ Samsungရဲ့ ရောင်းအားကောင်းနေတဲ့ အရွယ်ကြီး စမတ်ဖုန်းများကို ယှဉ်ပြိုင်ဖို့ အရွယ်ကြီး iPhoneနှစ်လုံးကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်ပြီး Appleဟာ သူ့ရဲ့ ပထမဆုံး ချပ်၀တ်တန်ဆာ ကွန်ပြူတာကို မိတ်ဆက်မယ်လို့ ထင်ပါတယ်။ Samsungကတော့ ချပ်၀တ်တန်ဆာကွန်ပြူတာတွေကို မိတ်ဆက်ထားပေမယ့် အောင်မြင်မှု သိပ်မရသေးပါဘူး။။ ဒါ့အပြင် စမတ်ဖုန်း ကနေ ငွေလဲွှနိုင်တဲ့ ၀န်ဆောင်မှုကို ကြေညာမှာလို့ သတင်းထွက်နေပါတယ်။ ဒီလိုသာဆိုရင် iPhoneအသစ်တွေဟာ ပိုပြီး စွဲဆောင်မှု ရှိနေပါတယ်။

အဲဒီအတွက် Samsungက နယူးယောက်မှာ အရင်ဆုံး တိုက်ခိုက်မှုကို ပြုလုပ်လိုက်ပါတယ်။ နာမည်ကြီး ကညစ်တံပါတဲ့ Galaxy Note စမတ်ဖုန်းများသာမက အိုင်ကွန်နဲ့ သတင်းအချက်အလက်များကို ပြသပေးမယ့် ဘေးဘက်မျက်နှာပြင်ပါတဲ့ ဒီဇိုင်းဆန်း စမတ်ဖုန်း၊ ဖုန်းပြောနိုင်တဲ့ စမတ်နာရီနဲ့ စမတ်ဖုန်းကနေ လည်ပတ်တဲ့ Virtual-Reality Headsetတို့ ဖြစ်ပါတယ်။

အဓိကပြောချင်တာက Samsungဟာ တီထွင်ဆန်းသစ်မှု၊ ဒီဇိုင်းနဲ့ စားသုံးသူများကို စိတ်ကျေနပ်မှု ပေးစွမ်းရာမှာ ဦးဆောင်သူဆိုတာပါပဲ။

နောက်ပြီး စမတ်ဖုန်းနဲ့ သူတို့ရဲ့ တွဲဖက် ပစ္စည်းတွေဟာလည်း အရင်ကထက် ပိုမို စိတ်လှုပ်ရှားစေပါတယ်။ ဈေးကြီးမြင့်ရင်တောင်မှ လူတိုင်းလိုချင်ကြမှာ ဖြစ်ပါတယ်။

ကျွန်တော့်ကို စွဲဆောင်နိုင်ဆုံး ထုတ်ကုန်က ဘေးဘက်မျက်နှာပြင်ပါတဲ့ Samsung Galaxy Note Edgeပဲ ဖြစ်ပါတယ်။ ညာဘက်ဘေးဘောင်ကို မျက်နှာပြင်စောင်း အဖြစ် ပုံပြောင်းထားတာ ဖြစ်ပြီး ဒုတိယ မျက်နှာပြင် အဖြစ် အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ အနှစ်သက်ဆုံး Appများရဲ့ အိုင်ကွန်များကို ဘေးဘက်မျက်နှာပြင်မှာ ထားရှိနိုင်ပါတယ်။ ဒါ့အပြင် အားကစားသတင်းများလို သတင်းများကိုလည်း အလွယ်တကူ ကြည့်နိုင်အောင် ပြုလုပ်ပေးထားတာပါ။ ဖုန်းကို စားပွဲပေါ်တင်ထားရင် Alarm Clockနဲ့ Notificationများကို ပြသပေးနိုင်ပါတယ်။

ဒါဟာ စမတ်ဖုန်းလောကကို ဆန်းသစ်စေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ စမတ်ဖုန်းတွေမှာလည်း အဲဒီစွမ်းဆောင်ချက်တွေ ပါရှိပြီးသားပါ။ လက်ရှိဖုန်းတွေမှာ အိုင်ကွန်တွေကို ရှာရတာ ကျွန်တော့်အတွက် မခက်လှပါဘူး။ အချက်ပေးမှုတွေကိုလည်း အပေါ်က Notification Barကနေ အလွယ်တကူကြည့်နိုင်ပါတယ်။ Edgeက ဘေးဘက်မျက်နှာပြင်တစ်ခု ပိုပါလာတာပဲ ထူးခြားတာဖြစ်ပါတယ်။

Samsungရဲ့ ထုံးစံအတိုင်းပဲ ဘေးဘက်မျက်နှာပြင်အတွက် Settingsများစွာ ထည့်ပေးထားပါတယ်။ ဆော့ဝဲပိုင်းအရတော့ Samsungက အားနည်းနေပါတယ်။

နောက်ပြီး Edgeရဲ့ ဈေးနှုန်းဟာ Galaxy S အမျိုးအစား များထက် ဈေးပိုတဲ့ Galaxy Noteထက်တောင် ကြီးမြင့်နေပါတယ်။ အမေရိကန်မှာ Galaxy Sဟာ Noteတွေထက် ပိုရောင်းကောင်းပါတယ်။ Galaxy S5ဟာ iPhoneအသစ်ကို ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ထားတာပါ။

Galaxy Gear Sစမတ်နာရီနဲ့ Gear VR Headsetတို့ကို သုံးသပ်ရမယ်ဆိုရင် စမတ်နာရီဟာ ကြီးမားနေပြီး ဘက်ထရီသက်တမ်းအလွန်တိုမယ်လို့ ထင်ရပါတယ်။ Gear VR Headsetကတော့ လူအနည်းငယ်ကိုသာ စွဲဆောင်နိုင်မှာပါ။ Samsungက ဂိမ်းတွေ ဘယ်လောက်များများ ကစားနိုင်မလဲဆိုတာနဲ့ ဘယ်လို Virtual Realityနည်းပညာတွေကို ခံစားရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မပြောပါဘူး။

Samsungရဲ့ ဆန်းသစ်မှုကို အသိအမှတ်မပြုတာမဟုတ်ပါဘူး။ အသိအမှတ်ပြုရမှာပါ။ Deviceအသစ်တွေထဲမှာ အရင်းနှီးဆုံးဖြစ်တဲ့ Galaxy Note 4မှာ App Windowsများရဲ့ အရွယ်ကို လိုသလိုပြောင်းနိုင်ပြီး နှစ်သက်ရာနေရာကို ပြောင်းရေွှ့နိုင်တဲ့ ကညစ်တံ စွမ်းဆောင်ချက် အသစ်များပါရှိလာသလို ကင်မရာကလည်း ပိုကောင်းလာပါတယ်။ မျက်နှာပြင်က ပိုမို ကြည်လင်ပြတ်သားလာပါတယ်။

ထုတ်ကုန်များကို ပိုကောင်းအောင်နဲ့ ကွဲပြားအောင် ပြုလုပ်နိုင်တာက ကောင်းပါတယ်။ ဒါပေမယ့် Note 4ကလွဲပြီး အခုကြေညာလိုက်တဲ့ အခြား Deviceတွေကို အာရုံသိပ်မရပါဘူး။ Note 4ကသာ Samsungရှာဖွေနေတဲ့ စားသုံးသူနှစ်ခြိုက်မှုကို ပေးစွမ်းနိုင်မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *