News

HTC က စွမ်းဆောင်ရည်မြင့် Nexus Tablet ထုတ်လုပ်မည်

HTC က Nexus Device အသစ်တစ်ခု ထုတ်လုပ်ဖို့ Google နဲ့ ပူးပေါင်းမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အမည်မဖော်ပြလိုတဲ့ သတင်းအရင်းအမြစ်များအရ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာ HTC က စွမ်းဆောင်ရည်မြင့် Nexus Tablet တစ်လုံးကို ထုတ်လုပ် မယ်လို့ သိရပါတယ်။ HTC ကတော့ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ပြောကြားခြင်း မရှိသေးပါဘူး။

HTC က Nexus One Smartphone ကို ပထမဆုံး ထုတ်လုပ်ပေးခဲ့တဲ့ Company လည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး Google နဲ့ HTC တို့ ပူးပေါင်းပြီး Nexus One Smartphone ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ HTC က အဲဒီအချိန်တုန်းက Tablet စျေးကွက်မှာ ရုန်းကန်ခဲ့ရပြီး ၇ လက်မအရွယ် Flyer/HTC Evo View 4G နဲ့ ၁၀.၁ လက်မအရွယ် Jetstream Tablet နှစ်မျိုးသာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် HTC က Tablet လောကမှာ ပြန်ပြီး အောင်မြင်မှုရအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ Nexus Device များဟာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်ကြတဲ့အတွက် ရောင်းအားကောင်းမယ် ဆိုတာကတော့ သေချာပါတယ်။

HTC နဲ့ Google က Nexus Tablet အသစ် ထုတ်လုပ်မယ်ဆိုရင် HTC က Tablet ထုတ်လုပ်တဲ့ စျေးကွက်ကို ပြန်လည် ရောက်ရှိကောင်း ရောက်ရှိနိုင်လာတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *