How-to

PC Games ကစားရင်းက Alt +Tab နှိပ်ရင် Crash ဖြစ်ခြင်းကို ကာကွယ်နည်း

PC Games တွေကစားရင်းက အခြား Program တစ်ခုပြောင်းလဲ အသုံးပြုဖို့ Alt+Tab နှိပ်တဲ့အခါမှာ ပြဿနာလေးတွေ ရှိတတ် ပါတယ်။ Alt+Tab နှိပ်တဲ့အခါမှာ လေးလံသွားပြီး ဂိမ်းက Freeze or Crash ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် Graphic ပိုင်းမှာ ပုံရိပ်တွေ တစ်လွဲတွေပေါ်နေတာ တွေ့ရမှာဖြစ်ပါတယ်။

၀င်းဒိုးမှာ ဂိမ်းကစားတဲ့သူတွေအတွက် အဲဒီပြဿနာတွေကို တွေ့ကြုံဖူးကြမှာပါ။ Alt+Tab နှိပ်တဲ့အခါမှာ Crash မဖြစ်ဘူး ဆိုရင်တောင် အနည်းငယ်လေးလံသွားပါတယ်။ ဂိမ်းကစားရင်းက Program တွေ လျှင်မြန်စွာ ပြောင်းလဲအသုံးပြုချင်ရင် အခက်တွေ့ပါတယ်။

ဂိမ်းကစားနေရင်းက Alt+Tab နှိပ်ရင် ဘာကြောင့် ပြဿနာဖြစ်တာလဲ?

ဂိမ်းကစားနေရင်းက Alt+Tab နှိပ်ရင် ပြဿနာဖြစ်သလို Windows Key နှိပ်ရင်လည်း ပြဿနာဖြစ်တတ်ပါတယ်။ ဒီပြဿနာက ဂိမ်းကို Windowed Mode နဲ့ အသုံးပြုနေရင် မဖြစ်ပါဘူး။ Full Screen Mode နဲ့ ကစားနေမှသာ အဲဒီပြဿနာ ဖြစ်တာပါ။

မေးစရာရှိတာက ဂိမ်းအများစုက ဘာ့ကြောင့် Full Screen Mode ကိုအသုံးပြုကြတာလဲဆိုတာဖြစ်ပါတယ်။

ဂိမ်းတစ်ခုကို Full Screen Mode နဲ့ အသုံးပြုတဲ့အခါမှာ ဂိမ်းက Graphics Hardware ကို အသုံးပြုခွင့် အမြင့်မားဆုံးရရှိ ပါတယ်။ ဒါကို Exclusive Mode လို့လည်း ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကွန်ပြူတာက Desktopက Hardware Resources တွေမှာ သိမ်းထားတဲ့ အလုပ်တွေကို ပြုလုပ်ခြင်းမရှိပါဘူး။ အဲဒီအတွက် Graphics Hardware က ဂိမ်းရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ပြုလုပ်ပေးနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ဂိမ်းအများစုက Full Screen Mode ကို အသုံးပြုကြတာဖြစ်ပါတယ်။

ဂိမ်းကစားနေရင်းက Alt+Tab ကိုနှိပ်ရင် ၀င်းဒိုးတွေ ပြောင်းလဲဖို့ ပေါ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကယ့်ဖြစ်စဉ်မှာ ဂိမ်း၀င်းဒိုးကို Minimize လုပ်ပြီး Desktop က အလုပ်တွေကို ပြန်ပြီး လုပ်ရပါတယ်။ ဒါ့ကြောင့် ဂိမ်းကစားနေရင်းက Alt+Tab ကိုနှိပ်ရင် လေးလံတာဖြစ်ပါတယ်။ အခြား Program တစ်ခုရဲ့ ၀င်းဒိုးကနေ  ဂိမ်း၀င်းဒိုးကို ပြန်ပြောင်းလိုက်ရင် Desktop က အလုပ်တွေကို ၀င်းဒိုးက လုံး၀ ရပ်နားလိုက်ပြီး ဂိမ်းရဲ့ အလုပ်တွေကို ပြန်လုပ်မှာဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ အချို့ဂိမ်းတွေမှာ ပြဿနာတွေဖြစ်တတ်ပါတယ်။

Full Screen, Exclusive Mode နဲ့ Run နေတဲ့ ဂိမ်းတစ်ခုရဲ့ Taskbar က အိုင်ကွန်ကို Mouse Cursor တင်ကြည့်ရင် Preview ပြပေးတာကိုတွေ့ရမှာမဟုတ်ပါဘူး။ Full Screen Mode မှာ Run နေတဲ့ ဂိမ်းက သူ့ရဲ့ Output ကို Desktop Display Manager မှာ ပြသခြင်းမရှိတဲ့အတွက်ဖြစ်ပါတယ်။

2

ဂိမ်းကစားနေရင်း Alt+Tab နှိပ်ရင် အဆင်ပြေစေဖို့

ဂိမ်းကစားနေရင်းကနေ အခြား Program တစ်ခုကို ပြောင်းလဲ အသုံးပြုမယ်ဆိုရင် လေးလံမှု မရှိအောင်နဲ့ ဂိမ်းပျက်သွားခြင်း မရှိအောင် ပြုလုပ်နိုင်တဲ့ နည်းတွေရှိပါတယ်။

Windowed Mode ကို အသုံးပြုပါ။

ဂိမ်းတွေမှာ Windowed Mode ပါရှိတတ်ပါတယ်။ Windowed Mode ကို အသုံးပြုတဲ့ဂိမ်းဟာ Graphics Hardware ကို အစွမ်းကုန် အသုံးပြုလို့မရပါဘူး။ ဒါပေမယ့် Full Screen Mode နဲ့ အသုံးပြုတာလောက်တော့ စွမ်းဆောင်ရည် မကောင်းတာကို သတိပြုပါ။ Windowed Mode ကို အသုံးပြုရင် Alt+Tab နှိပ်ရင်လည်း လေးလံမှု မရှိပါဘူး။

Full-Screen Windowed Mode ကို အသုံးပြုပါ။

ဂိမ်းတွေမှာ Full-Screen Windowed Mode ပါရှိတတ်ပါတယ်။ Windowed (Fullscreen) Mode လို့လည်းခေါ်ကြပါတယ်။ အဲဒီ Mode ကို အသုံးပြုရင် ဂိမ်းကို Full Screen ပြပေးမှာဖြစ်ပေမယ့် Graphic Hardware ကို အစွမ်းကုန် အသုံးပြုခွင့်မရပါဘူး။ Alt+Tab နှိပ်ရင်လည်း လျှင်မြန်စွာ အလုပ်လုပ်မှာဖြစ်ပါတယ်။

3

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *