News

Huawei ဖုန်းအတုအစစ် ဘယ်လိုခွဲမလဲ

Huawei ဖုန်းအတုအစစ် ဘယ်လိုခွဲမလဲ

ပြည်တွင်းစျေးကွက်၌ လက်ရှိ Huawei ကုမ္ပဏီက ရောင်းချပေးနေသည့် Honor 3Cမှာ အတုများထွက်ပေါ်နေခြင်းကြောင့် ၀ယ်ယူလိုသူများအတွက် အစစ်နှင့်အတုခွဲခြားချက်များကို တင်ပြလိုက်ပါသည်။

အစစ်နှင့်အတုကို အပြင်ပုံပန်းသွင်ပြင်နှင့် အသုံးပြုမှု အပေါ်မူတည်၍ ခွဲခြားနိုင်ပြီး Honor 3C အစစ်တွင် အလေးချိန် 140G ရှိပြီး ဖုန်းဆင်းမ်ကတ်ထည့်သွင်းသည့်နေရာနှင့် Micro SD ကတ်ထည့်သွင်းသည့်နေရာမှာ တစ်တန်းတည်းရှိသည်။

တရုတ်မှ တရားမ၀င်တင်သွင်းရောင်းချနေသည့် Honor 3C အတုတွင် အလေးချိန် 220G ရှိရာအစစ်နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံပိုမို လေးလံခြင်းရှိပြီး ကတ်ထည့်သွင်းသည့်နေရာနှင့် Micro SD ကတ်ထည့်သွင်းသည့်နေရာမှာ တစ်တန်းတည်းမရှိဘဲ တစ်စောင်းအနေအထားရှိခြင်း၊ အစစ်နှင့် နှိုင်းယှဉ်ပါက ကင်မရာအရွယ်အစားအနည်းငယ် သေးငယ်မှုရှိခြင်းဖြင့် နှိုင်းယှဉျနိုင်ကြောင်း သိရသည်။

အစစ်နှင့်အတုကို နှိုင်းယှဉ်ခွဲခြားရန်မလိုဘဲ သုံးစွဲမှုအပေါ် မူတည်၍လည်း သိရှိနိုင်ပြီး Honor 3C အစစ်တွင် Free Phone Storage မှာ 5GB ခန့်ရှိပြီး အတုတွင် 2BG သာရှိကြောင်း၊အစစ်တွင် ထည့်သွင်းနိုင်သည့် Sim Card Slot နေရာများတွင် 3Gနှင့် 2G ကွန်ရက်များကို ကွဲပြားစွာဖော်ပြနိုင်သော်လည်း အတုတွင် 3G ကွန်ရက်တစ်ခုတည်းကိုသာဖော်ပြခြင်းဖြစ်ကြောင်း Huawei ပြည်တွင်းရုံးချုပ်က ထုတ်ပြန်သည်။

အခြားသော Huaweiမှ ထွက်ရှိပြီး ရောင်းချနေသည့် P6နှင့် P7 ဖုန်းများလည်း အတုများထွက်ပေါ်နေကြောင်း သိရှိထားသော်လည်း လိုက်လံစစ်ဆေးနေဆဲဖြစ်ရာ အဆိုပါ ဟန်းဆက်များအတွက်ခွဲခြားနိုင်မည့်အချက်များ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *