News, Review

Microsoftက OneDriveတွင် အခမဲ့ အသုံးပြုနိုင်တဲ့ ပမာဏကို 7GBမှ 15GBသို့ တိုးမြှင့်ပေး

Microsoftက OneDriveတွင် အခမဲ့ အသုံးပြုနိုင်တဲ့ ပမာဏကို 7GBမှ 15GBသို့ တိုးမြှင့်ပေး

Microsoftက SkyDrive Cloud Storage ၀န်ဆောင်မှုကို နာမည်မူပိုင်ခွင့်ကြောင့် OneDrive လို့ အမည်ပြောင်းခဲ့ပါတယ်။ အခုတစ်ခါမှာ OneDriveမှာ အခမဲ့ အသုံးပြုသူများအတွက် Storage ကို တိုးမြှင့်ပေးလိုက်သလို အခပေးအသုံးပြုသူများအတွက်လည်း ဈေးနှုန်းများ လျှော့ချပေးလိုက်ပါတယ်။

အခမဲ့ အသုံးပြုသူများအတွက် 7GBကနေ 15GB တိုးမြှင့်ပေးလိုက်ပါတယ်။ Office 365ကို ၀ယ်ယူအသုံးပြုသူများအတွက် 1TB အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်လို့ Microsoftက ကြေညာပါတယ်။

Office 365 Homeကို တစ်လ ၉.၉၉ ဒေါ်လာပေးပြီး အသုံးပြုသူများက တစ်ယောက်လျှင် 1TBအထိ ရရှိမှာဖြစ်ပြီး ငါးယောက်အထိ အသုံးပြုနိုင်ပါတယ်။ Office 365 Personalကို တစ်လ ၆.၉၉ ဒေါ်လာပေးပြီး အသုံးပြုသူများနဲ့ လေးနှစ်အတွက် ၇၉.၉၉ ဒေါ်လာ ပေးရတဲ့ တက္ကသိုလ်ကျောင်းများအတွက် 1TBအသုံးပြုနိုင်မယ်လို့ Microsoftက ပြောပါတယ်။

Microsoftက OneDriveမှာ သိုလှောင်မှု ထပ်မံ၀ယ်ယူသူများအတွက် ဈေးနှုန်းများကို တစ်ဖြည်းဖြည်းလျှော့ချနေတာကို တွေ့ရပါတယ်။

အရင်တုန်းက 100GB အတွက် တစ်လကို ၇.၄၉ ဒေါ်လာပေးရပေမယ့် အခုတော့ ၁.၉၉ ဒေါ်လာအထိလျှော့ချလိုက်ပါတယ်။ 200GB အတွက် တစ်လကို ၁၁.၄၉ ဒေါ်လာပေးရပေမယ့် အခုတော့ ၃.၉၉ ဒေါ်လာပဲပေးရပါတော့တယ်။

Microsoftက ၀န်ဆောင်မှု အသစ်များကို နောက်လထဲမှာ စတင်အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။ လက်ရှိအသုံးပြုနေသူများအတွက်လည်း နောက်လထဲမှာ ဈေးနှုန်းအသစ်များကို ခံစားခွင့်ရရှိမှာပါ။ ဧပြီလတုန်းကလည်း Microsoftက Businessနဲ့ Office 365 ProPlusအသုံးပြုသူများအတွက် 1TB အထိတိုးမြှင့်ပေးခဲ့ပါတယ်။

Microsoftရဲ့ OneDriveမှာ Word, Excelတို့လို Office Documentများကို ဖန်တီးနိုင်တဲ့ စွမ်းဆောင်ချက် ထည့်သွင်းပေးထားတာက အခြား Cloud Storageများထက် အားသာပါတယ်။ အလုပ်ကိစ္စများအတွက် Office Documentများ အသုံးပြုနေရသူများအတွက် OneDriveက အသင့်တော်ဆုံးဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *