How-to

သင့် Laptopရဲ့ Batteryကို ကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းများ

သင့် Laptopရဲ့ Batteryကို ကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းများကို ရေးပေးလိုက်ပါတယ်။ ဒီနည်းတွေက သင့် Laptopကို အားသွင်းလို့မရတဲ့ အခြေအနေမှာ များစွာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

Screen Brightnessကို လျှော့ချပါ

Modern Portable Electronic Deviceတွေဖြစ်တဲ့ Laptop, Tablet, Smartphoneစတာတွေမှာ အဓိက Batteryအကုန်မြန်စေတဲ့ အရာက Displayပဲ ဖြစ်ပါတယ်။ Screen Brightnessကို လျှော့ချခြင်းဖြင့် Batteryရဲ့ သက်တမ်းကို ကြာကြာသုံးနိုင်ပါတယ်။ Laptopရဲ့ ကီးဘုတ်က Function Key (Fn)ကိုဖိထားပြီး Brightness Buttonကိုနှိပ်ပြီး အတိုးအလျှော့ ပြုလုပ်ရမှာပါ။ Brightnessနည်းလေ Batteryအသုံး ခံနိုင်လေ ဖြစ်ပါတယ်။

နောက်တစ်နည်းက  Windows 7မှာဆိုရင်  Windows Key +  X ကိုနှိပ်ပြီး Windows Mobility Centerကိုဖွင့်ပြီး Brightnessကိုချိန်ညှိလို့ ရပါတယ်။ Windows 8မှာတော့ Windows Key + X ကိုနှိပ်ရင် Power User Menuကိုဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Windows Mobility Centerကို သုံးချင်ရင် Control Panelကနေ သုံးရမှာပါ။

Displayကို အလိုအလျောက် ပိတ်အောင်လုပ်ပါ

သင့် Laptopကို အသုံးမပြုတော့တဲ့ အချိန်မှာ Displayကို အလိုလို ပိတ်အောင် ပြုလုပ်ထားခြင်းဖြင့်လည်း Batteryကို ကြာရှည် အသုံးခံစေပါတယ်။ Control Panelက Power Optionsကို၀င်ပါ။ Dim the display , Turn off the displayမှာ မိနစ်အနည်းဆုံး သတ်မှတ်ပေးပါ။ Mouse Cursorရွေ့လျားခြင်းဖြင့် ဒါမှမဟုတ် ကီးဘုတ်က ကီးတစ်ခုခုကို နှိပ်ခြင်းဖြင့် ပြန်အသုံးပြု နိုင်ပါတယ်။ သင်အသုံးပြုနေသမျှ Displayကအလိုလို ပိတ်မှာ မဟုတ်ပါဘူး။အဲဒီအတွက် သင့်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။ Media Playerတွေကို အသုံးပြုနေရင်လည်း Displayက အလိုလို မပိတ်တဲ့အတွက် ရုပ်ရှင်၊ သီချင်းတွေကို နားထောင် ကြည့်ရှုနေရင်လည်း အနှောင့်အယှက် မဖြစ်ပါဘူး။

Bluetoothနဲ့ တစ်ခြား Deviceတွေကို Disableလုပ်ပါ

Bluetooth, Wifiတွေကို မလိုအပ်ဘဲ ဖွင့်ထားခြင်းကလည်း Batteryကို အကုန်မြန်စေပါတယ်။ Bluetooth, Wifiစတာတွေကို Disableလုပ်ဖို့ Function Key (Fn)ကို ဖိထားပြီး Bluetooth, Wifiတို့ရဲ့Symbol Keyကို နှိပ်ပြီး အဖွင့်အပိတ် လုပ်ပါ။

Power Planကို Tweakလုပ်ပါ

Windowsမှာ Power Planတွေ အမျိုးမျိုး ပြုလုပ်သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် Balanced Modeကို အသုံးပြုနေရာကနေ Powerအကုန် သက်သာစေချင်ရင် Power Saver Modeကို ပြောင်းသုံးလို့ ရပါတယ်။ Power Plan အမျိုးမျိုးက Settingတွေကို သင့်စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။ Control Panel မှာ Power Optionsကို ရှာတွေ့နိုင်ပါတယ်။

Advanced Power Optionsကို ပြောင်းလဲဖို့ Change plan settingsကိုနှိပ်ပါ။ Change advanced power settingsကို နှိပ်ပါ။ အဲဒီမှာ Tweakလုပ်နိုင်တဲ့ Settingsတွေ အများကြီး ရှိပါတယ်။သင့် Hard Driveကို မြန်မြန် Power Offလုပ်ဖို့၊ Processorကို နှေးအောင်လုပ်ဖို့၊ Desktop Background Slideshowတွေကို Pauseလုပ်ဖို့ စတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီလို ပြောင်းလဲပေးခြင်းဖြင့်လည်း သင့် Powerကို သက်သာစေပါတယ်။

Windows Power Troubleshooterကို သုံးပါ

Windows 7နဲ့ 8မှာ Power Troubleshooting Toolပါရှိပြီး သင့် Batteryကုန်ဆုံးစေတဲ့ အရာတွေကို Scanလုပ်ပြီး အလိုလို ပြုပြင်ပေးနိုင်ပါတယ်။ Troubleshooterကိုသုံးဖို့ Control Panelက Troubleshootingကို နှိပ်ပါ။ View allကို နှိပ်ပါ။ Powerကိုနှိပ်ပြီး Troubleshooterကို ဖွင့်ပါ။

Windowsက ပြဿနာတွေကို ရှာဖွေပြီး အလိုလို ပြုပြင်ပေးပါလိမ့်မယ်။

Startup Programsတွေကို ပိတ်ပါ။ ပေါ့ပါးတဲ့ Programsတွေကို သုံးပါ။

– Screen Saverတွေကို မသုံးပါနဲ့။ Modern Computerတွေမှာ Screen Saverကို သုံးစရာမလို ပါဘူး။ Batteryပိုကုန်စေပါတယ်။

– Backgroundမှာ Runနေတဲ့ Programsတွေကို ပိတ်ပါ။ System Trayမှာ Runနေတဲ့ Programs တွေကို မသုံးရင် ပိတ်ပါ။ ဒါမှမဟုတ် Uninstall လုပ်ပါ။ ဒါမှမဟုတ် Startupမှာ အလိုလို မRun အောင် ပိတ်ထားပါ။

– Heavy Programsတွေကို သုံးခြင်းအားဖြင့် CPUကို ပိုအလုပ်လုပ်စေပြီး Batteryကို မြန်မြန် ကုန်စေပါတယ်။ အဲဒီအစား Light Weight Programတွေကို ရွေးချယ်သုံးပါ။

– သင့်စက်မှာ RAMကို အသုံးပြုမှုများလာလို ့မလုံလောက်တော့ရင် ကွန်ပြူတာက Dataတွေကို Hard Driveကို ရွှေ့ပြောင်းပါတယ်။ အဲလို ရွှေ့ပြောင်းခြင်းဟာလည်း Powerကို မြန်မြန် ကုန်စေပါတယ်။ အဲဒီအတွက် RAM အသုံးပြုမှုနည်းအောင် Background Programတွေကို ပိတ်ပါ။ ဒါမှမဟုတ် RAM ကို Upgrade လုပ်ပါ။

သင့်ကွန်ပြူတာ အလုပ်လုပ်မှုနည်းလေ  Powerသက်သာလေ ဖြစ်ပါတယ်။ CPU, RAM usage တွေကို Task Managerမှာ တွေ့နိုင်ပါတယ်။

Sleepအစား Hibernateကို သုံးပါ

ကွန်ပြူတာ Sleepဖြစ်သွားတဲ့ အချိန်မှာတောင် Powerအနည်းငယ်ကို အသုံးပြုနေပါတယ်။ Hibernateလုပ်ရင်တော့ System Stateကို Driveမှာ သိမ်းပြီး Power Off လုပ်လိုက်တဲ့အတွက် Powerကို လုံး၀အသုံးပြုမှု မရှိတော့ပါဘူး။

အထက်ပါ နည်းတွေကို အသုံးပြုပြီး သင့် Laptopရဲ့ Batteryကိုကြာရှည်စွာ အသုံးပြုနိုင်မှာပါ။ အထက်ပါ နည်းတွေကို အသုံးပြုပြီးတော့လည်း သင့် Batteryက အသုံးမခံဘူးဆိုရင် ကြာရှည်စွာ အသုံးပြုနိုင်တဲ့  Batteryကို ၀ယ်ပြီးလဲလှယ် အသုံးပြုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *