How-to

Gmail ကို ကာကွယ်ဖို့နည်းလမ်းများ

Gmail or Google Account တွေ ခိုးခံနေရတဲ့သတင်းတွေ အင်တာနက်မှာ မကြာခဏ ကြားနေရပါတယ်။ အလုပ်အတွက်ပဲသုံးသုံး ၊ ကိုယ်ရေးကိုယ်တာ အတွက်ပဲသုံးသုံး သင့် Google Account ကို အလုံခြုံဆုံး ဖြစ်အောင် ကာကွယ်ထားသင့်ပါတယ်။ ဒီဆောင်းပါးမှာ Google Account ကို ကာကွယ်ဖို့နည်းလမ်းတွေကို မျှဝေပါတယ်။

Account Recovery Options
Mobile Phone Number : Password မေ့သွားခဲ့ရင်ဖြစ်ဖြစ် ၊ တစ်စုံတစ်ယောက်က သင့်အကောင့်ကို ခိုးယူအသုံးပြုနေလို့ဖြစ်ဖြစ် Google က သင့်ဖုန်းဆီ SMS မှ တစ်ဆင့် ကုဒ်ပေးပို့နိုင်ပါတယ်။ အဲဒီအတွက် သင့် ဖုန်းကို Account Recovery Options မှာ ထည့်သွင်းထားသင့်ပါတယ်။

Recovery Email Address : မိုဘိုင်းဖုန်းလိုပဲ Recovery Email ထည့်သွင်းပေးထားခြင်းဖြင့် Google က အီးမေးဆီကို Security Code နဲ့ အခြား လုံခြုံရေး သတင်းအချက်အလက်တွေကို ပေးပို့နိုင်ပါတယ်။ သင့်မှာ အခြား အီးမေး တစ်ခုမရရှိရင် ယုံကြည်ရတဲ့ သူငယ်ချင်း၊ အိမ်ထောင်ဖက် စသူတို့ရဲ့ အီးမေး ကို ပေးထားနိုင်ပါတယ်။

Alternative Email Address : ဒီအီးမေး က Recovery Email Address နဲ့ မတူညီပါဘူး။ Google Account ကို Sign in ၀င်နိုင်တဲ့ အီးမေး တစ်ခုဖြစ်ပါတယ်။ Gmail Address ကို ထည့်ပေးလို့မရပါဘူး။

Two-Step Verification
ဒီနည်းက သင့် Google Account ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင်အသုံးပြုနေကြမဟုတ်တဲ့ Device ကနေ သင့်အကောင့်ကို Log in ၀င်ရင် Password အပြင် ဖုန်းဆီပေးပို့လိုက်တဲ့ ကုဒ် ကို ပါတောင်းမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် Password ကို အခြား သူက သိသည့်တိုင်အောင် သင့် ဖုန်း သူ့မှာ မရှိတဲ့အတွက် ၀င်လို့မရတော့ပါဘူး။

သင်ဖုန်းပျောက်သွားတယ်ဆိုရင် ဒါမှမဟုတ် ဘက်ထရီကုန်သွားရင် ကုဒ် ကို လက်ခံ မရရှိတော့ပါဘူး။ ဒီလိုအခြေအနေမှာအသုံးပြုနိုင်တဲ့ တစ်ခါသုံး Backup Code တွေကို အသုံးပြုနိုင်ပါတယ်။ Backup Code တွေကို ပြုလုပ်ပြီး လုံခြုံတဲ့နေရာ မှာ သိမ်းမှတ်ထားရပါမယ်။

ဖောက်ထွင်းရခက်တဲ့ Password တွေကို အသုံးပြုပါ။
Google Account မှာ အသုံးပြုတဲ့ Password ကို အခြား မှာ အသုံမပြုသင့်ပါဘူး။ နောက်ပြီး Password တွေကို ရိုးရိုးရှင်းရှင်းပေးတာဟာ ဖောက်ထွင်းခံရဖို့ လွယ်ကူတဲ့အတွက် သင့် Password တွေကို ဖောက်ထွင်းရခက်အောင် ရှုပ်ရှုပ်ထွေးထွေးပေးသင့်ပါတယ်။ မှတ်ရလည်းလွယ်တဲ့ ဖောက်ထွင်းရခက်တဲ့ Passwords တွေပေးရင်တော့အကောင်းဆုံးပါပဲ။ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့အောက်ကအချက်တွေကိုလိုက်နာသင့်ပါတယ်။

• Dictionary ထဲမှာမပါတဲ့ စကားလုံးမျိုးကိုသုံးပါ။
• Special Characters,Numbers တွေကို အသုံးပြုပါ။
• Upper Case,Lower Case Letters တွေကိုရောနှောသုံးပါ။
• စကားလုံးအနည်းဆုံး (၁၀) လုံးပါ၀င်သင့်ပါတယ်။
• Birthdate,Postal Code, Phone Number တို ့လို မှန်းဆရလွယ်တဲ့ Number တွေ၊စကားလုံးတွေကိုအသုံးမပြုသင့်ပါ။

မှတ်ရလွယ်ပြီးကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့နည်းတွေ ရှိပါတယ်။

• Letters တွေနေရာမှာ Numbers တွေ အစားထိုးသုံးပါ။ဥပမာ ။ thuzar အစား thuz@1
• Sentence တစ်ခုကစကားလုံးတွေ ရဲ့ထိပ်ဆုံးစာလုံးတွေကိုအသုံးပြုပါ။ဥပမာ ။ “Everything I Do I Do It For You” ဆိုတဲ့ စာကြောင်းကနေ EIDIDIFY ဆိုတဲ့ Password ပြုလုပ်နိုင်ပါတယ်။
• စကားလုံးတစ်ခု ကို Reverse လုပ်ပြီးသုံးပါ။ဥပမာ ။ neighborhood ကို doohrobhgien လို့ပြောင်းသုံးပါ။

အပေါ်ကဥပမာ ပေးထားတဲ့ Passwords တွေကအရမ်းတော့ ကောင်းမွန်မှုမရှိပါဘူး။Numbers,Letters,Special Characters တေါ ပါ၀င်ပြီးရှည်လျားတဲ့ Passwords မျိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ဥပမာ။ E1d_1D!4Y:

HTTPS ကို အမြဲအသုံးပြုပါ။
Gmail ရဲ့ Settings ထဲက General> Browser Connection မှာ “Always use https” ကို ရွေးချယ်ပေးပါ။ HTTPS ကို အသုံးပြုခြင်း ကပိုမိုလုံခြုံစေမှာဖြစ်ပါတယ်။

Public Computer တွေကို အသုံးပြုရင်
အများသုံးကွန်ပြူတာတွေ ၊ အင်တာနက် ဆိုင်တွေမှာ Gmail အသုံးပြုရင် Private or Incognito Mode နဲ့ အသုံးပြုသင့်ပါတယ်။ ဘရောက်စာ တော်တော်များများမှာ အဲဒီ စွမ်းဆောင်ချက်ပါရှိပါတယ်။ အဲဒီစွမ်းဆောင်ချက် ကို အသုံးပြုရင် ဘရောက်စာ ကို ပိတ်လိုက်တာနဲ့ History, Cookies တွေကို ရှင်းပေးမှာဖြစ်ပါတယ်။

Phishing ကို သတိပြုပါ။
Google က လွဲပြီး တစ်ခြား ဘယ်၀က်ဆိုက်ကမှ Password ကို တောင်းမှာမဟုတ်ပါဘူး။ Google Password ကို တောင်းတဲ့ Page တွေမှာ လိပ်စာ ကို သတိထားကြည့်ပါ။ အကောင်းဆုံးက Gmail ကို Login ၀င်ရင် https://www.gmail.com ကနေပဲ ၀င်ရောက်သင့်ပါတယ်။

System ကို အမြဲ Update လုပ်ပေးပါ။
Windows Update တွေကို အမြဲရယူသင့်သလို ဘရောက်စာ ၊ Antivirus တွေကို လည်း အမြဲ Update လုပ်ပေးသင့်ပါတယ်။

အင်တာနက် အသုံးပြုသူတွေအတွက် Gmail Account ကို ဒီနည်းတွေနဲ့ ကာကွယ်ထားသင့်ပါတယ်။ ဒါ့အပြင် လုံခြုံရေးအတွက် ကွန်ပြူတာ အသုံးပြုသူတိုင်းလိုက်နာ သင့်တဲ့အချက်များ ရှိပါတယ်။ Internet Security Suite တစ်ခု ကိုယ်တိုင်ပြုလုပ်နည်း ကိုလည်း ဖတ်ရှုသင့်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *