News

Googleရဲ့ Chromebooksတွေက အသုံး၀င်နေဆဲ

www.businessinsider.com

၂၀၁၁က ထုတ်လုပ်ခဲ့တဲ့ Google Chromebookတွေဟာ လက်ရှိအချိန်မှာ IT Professionalsတွေ လိုချင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်နေပါတယ်။ ပညာရှင် ဆယ်ယောက်မှာ နှစ်ယောက်က Chromebookကို လိုချင်နေကြပါတယ်။ Processorကို 1.66 GHz Intel Atom နဲ့ RAM 2GB DDR3, 12.1 inches Display တို့ကို အသုံးပြုထားပြီး အကြမ်းခံကာ Error ဖြစ်မှုလည်း နည်းပါးတယ်လို့ သိရပါတယ်။

မော်ဒယ်လ် အသစ်တွေကို ကုမ္ပဏီအသစ်တွေက အပြိုင်အဆိုင် ကြိုးပမ်း ထုတ်လုပ်နေကြတဲ့ အချိန်မှာ Google ရဲ့ Chromebookတွေဟာ လက်ရှိအချိန်ထိ IT သမားတွေရဲ့ စိတ်၀င်စားမှုကို ရရှိနေတာ ထူးဆန်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ လေ့လာချက်များ အရတော့ အချို့ IT သမားတွေက Chromebookကို ကိုယ်တိုင် အသုံးပြုဖို့ ၀ယ်ယူကြပြီး အချို့ကတော့ သူတို့ရဲ့ ကုမ္ပဏီတွေမှာ သုံးဖို့ ၀ယ်ယူလျက် ရှိကြပါတယ်။

Ref: http://www.businessinsider.com/google-chromebooks-arent-completely-dead-20-percent-of-it-professionals-want-them-analyst-says-2013-7 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *