How-to

Net Cut Software အသုံးပြုပြီးသူများ Computerကို Internet Line ကျအောင် လုပ်ကြမယ်

ဒီတစ်ခါ အလွန်အသုံး၀င်မယ့် Network Software Tools တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဒီSoftware ကိုမိတ်ဆက်မပေးခင်မှာ ကျွန်တော်တစ်ခုလောက် ကြိုပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ Softwareကို အသုံးပြုပြီးတော့ တစ်ခြား မလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်လာမှာ စိုးရိမ်လို့ပါ။ ဘာဖြစ်လို့ ပြောရသလဲဆိုရင် ဒီSoftware ကို အသုံးပြုပြီး Network ထဲကတခြား Computer တွေကို User name, Password သိစရာမလို အပ်ပဲနဲ့ Internet Line ကျသွားအောင် လုပ်ဆောင်နိုင်တဲ့ အစွမ်းရှိလို့ပါ။

ကဲ ကျွန်တော် နိဒါန်းပျိုးနေတာ တော်တော် များသွားပါပြီ။ ဒီ Software ရဲ့နာမည်ကတော့ NetCut ဖြစ်ပါတယ်။ NetCut Software ကို အသုံးပြုဘူးတဲ့ သူရှိသလို အသုံးမပြုဘူးသေးတဲ့ သူတွေလဲ ရှိကြမှာပါ။ ဒီ Software အသုံးပြုပုံကတော့ အရမ်းရိုးရှင်းပြီး အလွန်လွယ်ကူ လှပါတယ်။ Software ကို Install အရင်လုပ်ပြီး Run လိုက်တာနဲ့ ကိုယ့် Network ကိုလာချိတ်ထားတဲ့ Computer တို့ Devices မှန်သမျှကို Auto Scan လုပ်ပါတယ်။


ပြီးတော့မှ Internet ပိတ်စေချင်တဲ့ Computer ကို Select ရွေးပြီး Cut Off Buttom ကို နှိပ်လိုက်၊ ငါးမိနစ် လောက်ကြာရင် အဲဒီ Computer Internet Line Down သွားပြီး အဲဒီတစ်ယောက် ငုတ်တုတ်သာ ထိုင်နေ ပေတော့။ဒီ Post လေးရေးနေတုန်း ကျွန်တော်အရင်က အကြောင်းလေးသွားပြီး သတိရမိတယ်။ Company တစ်ခုမှာ ကျွန်တော် IT Administrator လုပ်ခဲ့တုန်းကပေါ့။Internet Line က 256 speed နဲ့ယူထားတာ တော်တော်ကို နှေးတယ်။ အဲဒီ 256 Speed လိုင်းကို Internet ပြန် Share ပြီးသုံးတာ Computer အလုံး 30 ကျော်တယ်။ စဉ်းစားသာကြည့်တော့။ 3 MB File တစ်ဖိုင် ကို Download လုပ်ရင် 30 မိနစ်လောက် အချိန် ပေးရတယ်။ ဒါတောင် IDM နဲ့ Download လုပ်တာ။ ကြာလာတော့ ဒေါသက ထွက်လာပြီး ရှိသမျှ Computer တွေကို Netcut နဲ့ ပိတ်ထားလိုက်ရော။ အကျင့်တွေ ပေါ်လာပြီ။  အဲဒီအခါ ကျတော့မှပဲ Internet Line က ကောင်းလာတော့တယ်။


ပြန်ပြီး Internet ပေးသုံးစေချင်တယ် ဆိုရင် အဲဒီ Computer ကို Select ရွေးပြီး Resume Buttom သာပြန်နှိပ်လိုက်။ ခဏနေရင် Internet ပြန်တက် လာလိမ့်မယ်။ ကိုယ်ပြောပြထားတဲ့ နည်းနဲ့ ကိုယ့်ကို ပြန်မလုပ်ကြေးနော်။ ဒီ Net Cutကို ကာကွယ်နည်းကတော့ Anti Net Cut သာ Install လုပ်ထားလိုက်။ FireWall တို့ Anti Virus Software တို့ Run ထားရင်တောင် Internet Line ကျအောင် လုပ်လို့ ရတယ်နော်။ Android တို့၊ Linux တို့၊ I phone Devices တွေတောင် Internet သုံးလို့မရအောင် လုပ်လို့ရတယ်။ မယုံမရှိနဲ့၊ကိုယ်တွေ့ပါ။ Net Cut Software ကို Download လုပ်မယ်ဆိုရင် ဒီ Link http://download.cnet.com/Netcut/3000-2651_4-30221.html  မှာသွားပြီး Download လုပ်လို့ ရပါတယ်။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

2 thoughts on “Net Cut Software အသုံးပြုပြီးသူများ Computerကို Internet Line ကျအောင် လုပ်ကြမယ်

  1. ဘယ်လိုကြီးလဲ… လိုင်းကောင်းအောင်တောင် မနည်းလုပ်နေရပါတယ်ဆိုမှ … လိုင်းကျတဲ့ software တဲ့ .. တေရော … :O

  2. Min Soe says:

်တိဘူး ဂေါက်ချင်နေပီ…….

Leave a Reply

Your email address will not be published. Required fields are marked *