News

မုန်တိုင်းကြောင့် ပျောက်ဆုံးနေသော ဖိလစ်ပိုင် ပြည်သူတွေကို ရှာဖွေကယ်ဆယ်ရေး အတွက် အသုံးပြုနိုင်မယ့် Application ကို Google ကပြုလုပ်ပေး

ဖိလစ်ပိုင် နိုင်ငံမှာ မကြာမီက တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့အတွက် အသုံးပြုနိုင်မယ့် Application တစ်ခုကို Google ကပြုလုပ်ပေးလိုက်ပါတယ်။ Yolanda လို့လည်းခေါ်ဆိုတဲ့ Typhoon Haiyan အမည်ရတဲ့ တိုင်ဖွန်းမုန်တိုင်း ကြောင့် လူပေါင်း တစ်သောင်း ၀န်းကျင် သေဆုံးခဲ့တယ်လို့ တရား၀င် သတင်းအချက်အလက်တွေက ပြောကြားပါတယ်။

အဲဒီ Tool မှာ Google Person Finder ဆိုတဲ့ Web App ပါရှိပြီး ပျောက်ဆုံးနေတဲ့သူတွေကိုရှာဖွေဖို့ အပြင် အသက်မသေကြောင်းသတင်းပို့ဖို့ စတာတွေပြုလုပ်နိုင်ပါတယ်။ အဲဒီ Tool ကိုအသုံးပြုသူအရေအတွက်များလာလေလေ ပျောက်ဆုံးသူတွေကို ရှာဖွေရလွယ်ကူလာလေလေဖြစ်ပါတယ်။ Mobile Version ကိုလည်းပြုလုပ်ပေးထားတယ်လို့ Google ကပြောပါတယ်။

Google က မုန်တိုင်းကယ်ဆယ်ရေးမြေပုံ ကိုလည်းပြုလုပ်ပေးထားပြီး မုန်တိုင်းတိုက်ခတ်သွားတဲ့ ဒေသရဲ့ ကယ်ဆယ်ရေးစခန်းတွေ နဲ့ တစ်ခြား သတင်းအချက်အလက်တွေကို သိရှိနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *