News

India ရဲ့ မိုဘိုင်းဆယ်သွယ်ရေး Company တစ်ခုဖြစ်တဲ့ Idea အသုံးပြုသူ များ သီချင်းများအခမဲ့ Download လုပ်နိုင်မည်

India ရဲ့ သီချင်းထုတ်လွှင့်ပေးတဲ့ ၀န်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Dhingana ဟာ India ရဲ့ တတိယ အကြီးဆုံး မိုဘိုင်းဆက်သွယ်ရေး Company ဖြစ်တဲ့ Idea Cellular နဲ့ ပူးပေါင်းပြီး ဒေတာပမာဏ ကောက်ယူခြင်းမပြုဘဲသီချင်းများကို အခမဲ့ Download လုပ်ခွင့်ပြုတဲ့ ၀န်ဆောင်မှု တစ်ခုကို India မှာ ပထမဆုံးအနေနဲ့ ပြုလုပ်လိုက်ပါတယ်။

ဒီအကျိုးကျေးဇူးကို Android Phone အသုံးပြုသူတွေပဲရရှိမှာဖြစ်ပါတယ်။ iOS အသုံးပြုသူတွေအတွက် ဒီလိုမျိုးအစီအစဉ်တစ်ခုဖြစ်တဲ့ Dhingana Gold ကို ပြုလုပ်ပေးထားပြီး HD အရည်အသွေးရှိတဲ့ သီချင်းတွေကို Download လုပ်နိုင်ပါတယ်။ဒါပေမယ့် Dhingana Gold က $1.99 ကုန်ကျမှာဖြစ်ပါတယ်။ နောက်ပြီး iOS အသုံးပြုသူတွေဟာ ဒေတာ ပမာဏကိုလည်း အခပေးအသုံးပြုရပါတယ်။

ဈေးနှုန်းသက်သာတဲ့ Android Phone တွေဟာ India ရဲ့ Smartphone ဈေးကွက်မှာရောင်းအားကောင်းနေတာကြောင့် Idea ရဲ့ အစီအစဉ် ဟာ သူ့ ရဲ့ ဖောက်သည်တွေကို ထိန်းသိမ်းထားနိုင်မှာဖြစ်သလို Customer အသစ်တွေကိုလည်း စွဲဆောင်နိုင်ပါလိမ့်မယ်။

Idea အသုံးပြုပြီး Dhingana မှ ဒေါင်းလုပ်လုပ်လိုက်တဲ့ သီချင်းတွေကို Android ဖုန်းမှာ Encrypt လုပ်ထားမှာဖြစ်ပြီး Dhingana ရဲ့ Android App ကနေမှာနားထောင်လို့ရအောင်ပြုလုပ်ထားပါတယ်။

အရည်အသွေးနိမ့်တဲ့ Feature Phone အသုံးပြုသူတွေကလည်း ဒီအကျိုးကျေးဇူးကို ခံစားရမှာဖြစ်ပြီး ကြော်ညာ မပါ ၊ ဒေတာပမာဏကိုကောက်ယူခြင်းမရှိဘဲ သီချင်းတွေ နားဆင်နိုင်ပါတယ်။
Feature Phone , Android Smartphone တွေအသုံးပြုကြပြီး Idea ရဲ့ Postpaid , Prepaid နှစ်မျိုးစလုံးအသုံးပြုကြတဲ့ (127) သန်းကျော်ရှိတဲ့ Idea ရဲ့ ဖောက်သည်တွေဟာ Dhingana ရဲ့ သီချင်းတွေကို ဒေတာပမာဏ ပေးဆောင်ရခြင်းမရှိဘဲ အကန့်အသတ်မရှိ Download လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိနေကြပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *