News

Samsung ရဲ့ ကိုယ်ပိုင် Mobile OS ဖြစ်တဲ့ Tizen ကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတွေ ကို ၂၀၁၄ ခုနှစ်မှာရောင်းမည်

ကိုရီးယား မှာ ဒီနေ့ကျင်းပတဲ့ Tizen Developer Summit အစည်းအဝေးမှာ Tizen Mobile OS ကိုအသုံးပြုမောင်းနှင်တဲ့ ပထမဆုံး Device ကို Samsung က ထုတ်ဖော်ပြသလိုက်ပါတယ်။ စိတ်၀င်စားစရာကောင်းတာက အဲဒီ Device ဟာ စမတ်ဖုန်းမဟုတ်ဘဲ ကင်မရာ ဖြစ်နေတာဖြစ်ပြီး တောင်ကိုရီးယားမှာ စတင်ရောင်းချပေးနေပါပြီ။ အဲဒီကင်မရာကတော့ NX300M ဖြစ်ပါတယ်။ Core Tizen နည်းပညာဖြင့်ပြုလုပ်ထားပြီး Boot တက်တဲ့နှုန်းဟာ အလွန်လျှင်မြန်ပြီး ကင်မရာ ရဲ့ စွမ်းဆောင်ရည်ကလည်းအလွန် ကောင်းမွန်ပါတယ်။

Tizen ကိုအသုံးပြုမောင်းနှင်မယ့် စမတ်ဖုန်းတွေကိုလည်း ၂၀၁၄ နှစ် အစပိုင်းမှာရောင်းချမယ်လို့ Samsung က အရိပ်အမြွက်ပြောကြားပါတယ်။ အဲဒီ ဖုန်းတွေကို Tizen 2.2.1 လည်ပတ်မောင်းနှင်မှာဖြစ်ပြီး ၂၀၁၄ ခုနှစ် July လကနေ September လအတွင်းမှာ Tizen 3.0 ကို အဆင့်မြှင့်တင်နိုင်ဖို့ပြုလုပ်ပေးမယ်လို့မျှော်လင့်ရပါတယ်။ Tizen 3.0 မှာ multi-user accounts တွေကိုအသုံးပြုနိုင်မှာဖြစ်သလို 64-bit architecture , 3D rendering engine တွေအပါအ၀င် နည်းပညာအသစ်တွေပါ၀င်လာမှာဖြစ်ပါတယ်။

Ashampoo_Snap_02

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *