Mobile

Google Nexus 5 VS HTC One VS Samsung Galaxy S4 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Google ရဲ့ မကြာမီ က ရောင်းချလိုက်တဲ့ Nexus 5 ဖုန်းဟာ ဈေးကွက်ထဲမှာ ရောက်ရှိနေပြီးဖြစ်တဲ့ နာမည်ကြီးဖုန်းတွေဖြစ်တဲ့ HTC One, Samsung Galaxy S4 တို့နဲ့ Specification ပိုင်းမှာ ကွာခြားချက်သိပ်မရှိတဲ့ ပြိုင်ဖက်ဖုန်းတွေဖြစ်လာပါတယ်။အဲဒီအတွက် Nexus 5 , HTC One, Samsung Galaxy S4 တို့ထဲက ဘယ်ဖုန်းကို ၀ယ်ရမလဲ စဉ်းစားမရဖြစ်နေရင်တော့ အဖြေကို အောက်မှာဆက်ဖတ်ပါ။

Screen

အရွယ်အစားအရ Nexus 5 နဲ့ Galaxy S4 တို့ဟာ HTC One ထက်အနည်းငယ်ပိုကြီးပြီး ဖုန်းနှစ်လုံးစလုံးဟာ ငါးလက်မ အရွယ်ရှိပြီး HTC One ကတော့ ၄.၇ လက်မ ပဲရှိပါတယ်။ Nexus 5 ရဲ့ တကယ့်အတိုင်းအတာအမှန်ကတော့ ၄.၉၅ လက်မ ဖြစ်ပါတယ်။

ဖုန်းသုံးလုံးမှာအကောင်းဆုံး Display ကိုပိုင်ဆိုင်ထားတာကတော့ Samsung ဖြစ်ပြီး OLED Panel တစ်နည်းအားဖြင့် Super AMOLED တပ်ဆင်ထားပြီး LG နဲ့ Google တို့ပူးပေါင်းထုတ်လုပ်ထားတဲ့ Nexus 5 က True HD IPS Plus Display ကိုအသုံးပြုထားပါတယ်။ HTC က Super LCD3 Screen ကို အသုံးပြုထားပါတယ်။

ဖုန်းသုံးလုံးစလုံးဟာ Full HD 1920×1080 Pixel Resolutions ရှိတာ တူညီပေမယ့် HTC One က အရွယ်အနည်းငယ်သေးတဲ့အတွက် ရုပ်ပုံတွေကို ပိုပြီးကြည်လင်ပြတ်သားစွာမြင်နိုင်မှာပါ။ နောက်ပြီး HTC One ဟာ တစ်လက်မ ကို Pixel သိပ်သည်းဆ ၄၆၉ ရှိပြီး အခြားဖုန်းနှစ်လုံးထက် ပိုများပါတယ်။ Nexus 5 က တစ်လက်မကို Pixel သိပ်သည်းဆ ၄၄၅ ရှိပြီး S4 က ၄၄၁ ရှိပါတယ်။

S4 နဲ့ Nexus 5 တို့ ရဲ့ မျက်နှာပြင် ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပြီး One ကတော့ Gorilla Glass 2 ကို သုံးထားပါတယ်။

Processing Power

ဒီအပိုင်းမှာတော့ Nexus 5 က ကျန်ဖုန်းနှစ်လုံးကို အနိုင်ယူသွားပါတယ်။ Galaxy S4 ဟာ 1.9GHz quad-core Snapdragon 600 Processor ကိုသုံးထားပြီး HTC က 1.7GHz quad-core Snapdragon 600 Processor ကိုသုံးထားပါတယ်။ Nexus 5 က အဲဒီဖုန်းနှစ်လုံးရဲ့ ထွက်ရှိချိန်ထက် ခြောက်လ လောက်ကြာမှထုတ်လုပ်တာဖြစ်လို့ Qualcomm ရဲ့ နောက်ဆုံးထုတ် 2.3GHz quad-core Snapdragon 800 Processor ကို အသုံးပြုထားတဲ့ အားသာချက်ရှိနေပါတယ်။

ဖုန်းသုံးလုံး ထဲမှာ Nexus 5 ဟာ အမြန်ဆုံးအလုပ်လုပ်ပေးနိုင်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ RAM ကတော့ ဖုန်းသုံးလုံးစလုံးမှာ အတူတူပဲဖြစ်ပြီး 2GB အသုံးပြုထားပါတယ်။

ဒီနှိုင်းယှဉ်ချက်ကို အကျိုးသက်ရောက်စေတဲ့ စိတ်၀င်စားစရာကောင်းတဲ့အချက် က Galaxy S4 မှာ Snapdragon 800 Processor ကို အဆင့်မြှင့်တင် တပ်ဆင်ပေးပြီး ဥရောပ မှာရောင်းချမယ်လို့ Samsung က မကြာမီက ကြေညာခဲ့တာဖြစ်ပါတယ်။

Camera

Nexus 5 ရဲ့ အနောက်ဖက် ကင်မရာဟာ ဈေးသက်သာစေဖို့ နောက်ဆုံးပေါ် ကင်မရာ ကိုတပ်ဆင်ထားခြင်းမရှိတာတွေ့ရပါတယ်။ ဒါပေမယ့် ညံ့ဖျင်းတဲ့ ကင်မရာတော့မဟုတ်ဘဲ 8 Megapixel Sensor ကိုတပ်ဆင်ထားပြီး Optical Image Stabilisation နည်းပညာပါရှိပါတယ်။ HTC One က 4 Ultrapixel Camera ကိုအသုံးပြုထားပါတယ်။ 4 Megapixel ပဲပါရှိပေမယ့် ရုပ်ထွက်ကောင်းအောင် ကြီးမားတဲ့ Pixel တွေကိုအသုံးပြုထားတဲ့သဘောဖြစ်ပါတယ်။ HTC One မှာလည်း Optical Image Stabilisation နည်းပညာပါရှိပါတယ်။

Samsung Galaxy S4 မှာတော့ အရည်အသွေးအကောင်းဆုံး ကင်မရာကို တပ်ဆင်ထားပြီး 13 Megapixel ပါရှိပါတယ်။ ဒါပေမယ့် ဆော့ဝဲ အသုံးပြုမှသာ Image Stabilisation နည်းပညာကိုရရှိမှာပါ။

ဖုန်းအားလုံးမှာ စိတ်၀င်စားစရာကောင်းတဲ့ Camera App တွေပါရှိပြီး Nexus 5 မှာ Android 4.4 KitKat ရဲ့ ထူးခြားဆန်းသစ်တဲ့ Camera App ပါရှိပြီး Samsung မှာ ဓါတ်ပုံ တစ်ခုထဲကို သင့်ရုပ်ပုံကို ထည့်သွင်းနိုင်တဲ့ Dual Shot နည်းပညာပါရှိပါတယ်။ HTC One မှာ Animated Pictures တွေပြုလုပ်နိုင်တာလောက်ပဲပါရှိတာဖြစ်ပါတယ်။

Battery

Nexus 5 နဲ့ HTC One နှစ်လုံးမှာ 2,300mAh Battery တပ်ဆင်ထားပြီး Samsung က 2,600mAh Battery ကိုတပ်ဆင်ထားတဲ့အတွက် ဒီအပိုင်းမှာ Samsung က အသာရနေပါတယ်။

Operating System

နောက်ဆုံးထွက် Android Version နဲ့ Features တွေကို အသုံးပြုချင်ရင်တော့ Nexus 5 ကိုရွေးချယ်ရမှာပါ။ Android 4.4 KitKat ကို အသုံးပြုထားတာဖြစ်ပြီး ကျန်တဲ့ ဖုန်း နှစ်လုံးထက် သာလွန်နေပါတယ်။ S4 နဲ့ One တို့ကအခုမှ Android 4.3 Jelly Bean ကို အဆင့်မြှင့်ခွင့်ရထားတာပါ။ KitKat ကို ရရှိဖို့အတွက်လည်း တော်တော်ကြာအုံးမယ်လို့ခန့်မှန်းရပါတယ်။

တစ်ချို့တွေကတော့ KitKat ကို မကြိုက်ကြဘဲ Samsung ရဲ့ TouchWiz နဲ့ HTC One ရဲ့ Sense UI Experiences တို့ကို ပိုနှစ်သက်ကြတာတွေ့ရပါတယ်။

အနှစ်ချုပ်

ဖုန်းတစ်လုံးနဲ့ တစ်လုံး ဟာ Specfication ပိုင်းအရ ကွာခြားမှုသိပ်မရှိပေမယ့် Nexus 5 ရဲ့ ဈေးဟာ ကျန်ဖုန်းနှစ်လုံးထက်လွန်စွာသက်သာနေတာက အဆုံးအဖြတ်တစ်ခုဖြစ်နိုင်ပါတယ်။ KitKat ဟာ Android Phone တိုင်းမှာ မောင်းနှင်လည်ပတ် သင့်တဲ့ Android OS တစ်ခုဖြစ်တယ်လို့ Google ကပြောကြားထားတာကလည်း စွဲဆောင်မှုရှိနေပါတယ်။ အဲဒီအချက်တွေ ကြောင့် Nexus 5 ဟာ Android Fans တွေကြားမှာ ရေပန်းစားတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *