News

Google က Nexus 5 နဲ့ Nexus 7 ကို ဥရောပနိုင်ငံများမှာ တိုးချဲ့ရောင်းချ

Google က Nexus 5 Smartphone နဲ့ Nexus 7 Tablet ကို ဥရောပနိုင်ငံ ရှစ်နိုင်ငံမှာ တိုးချဲ့ရောင်းချပေးလိုက်ပါတယ်။ ရောင်းချပေးလိုက်တဲ့ နိုင်ငံများက Austria, Belgium, Denmark, Finland, Ireland, Netherlands, Portugal and Sweden တို့ ဖြစ်ပါတယ်။

Nexus 7 မှာ 1.5GHz Quad-Core Qualcomm Snapdragon S4 Pro Processor တပ်ဆင်ထားပါတယ်။ ခုနစ်လက်မအရွယ် 1200×1920 Pixels Display တပ်ဆင်ထားပါတယ်။ 2GB RAM ပါရှိပြီး Internal Storage ကို 16 GB or 32 GB ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 5 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1.2 Megapixel Camera တပ်ဆင်ထားပါတယ်။ 3950mAh Battery တပ်ဆင်ထားပါတယ်။

Nexus 5 မှာ ၄.၉၅ လက်မအရွယ် Display တပ်ဆင်ထားပါတယ်။ 1080×1920 Pixel Resolution နဲ့ တစ်လက်မတွင် Pixel သိပ်သည်းဆ (၄၄၅) ပါရှိပါတယ်။ Quad-Core 2.3GHz Krait 400 Processor, Android 4.4 KitKat ဖြင့် မောင်းနှင်လည်ပတ် မှာဖြစ်ပြီး 16GB သို့မဟုတ် 32GB ရွေးချယ်နိုင်ပါတယ်။ 2GB RAM ပါရှိပြီး MicroSD Card ထည့်သွင်းအသုံးပြုနိုင်ရန် Slot မပါရှိပါဘူး။ အနောက်ကင်မရာ 8MP နှင့် မျက်နှာချင်းဆိုင်ကင်မရာ 1.3MP တပ်ဆင်ထားပြီး 2300mAh Battery ကိုအသေ တပ်ဆင်ထားပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့နိုင်ငံတွေမှာ Google Play Store ကနေ မှာယူနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းတွေက နိုင်ငံအလိုက်ကွဲပြားပါတယ်။ ယျေဘုယျ အားဖြင့် 16GB Nexus 5 ကို ယူရို ၃၄၉ (ဒေါ်လာ ၄၈၆) ၊ 16GB Nexus 7 ကို ယူရို ၂၆၉ (ဒေါ်လာ ၃၇၅) ဖြင့် ရောင်းချပေးနေပါတယ်။

Nexus Device တွေဟာ Pure Android ကို အသုံးပြုထားတာဖြစ်ပါတယ်။ Pure Android အကြောင်း ကို Nexus 5 Review ဆောင်းပါး မှာ ရေးသားပေးထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *